ထိုအခါထာဝရဘုရားသည်တိရှဘိမြို့သား ပရောဖက်ဧလိယအား၊-
အာဟပ်သည်လည်းထိုဥယျာဉ်ကိုသိမ်းယူ ရန်ချက်ချင်းထ၍သွားတော်မူ၏။
``သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။-
သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။