Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 21:10

Common Language Bible

ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဂိ​လ​ဂါ​လ​မြို့​တွင်​ဗိ​ခ​ရိ​၏​သား၊ ဗင်္ယာ​မိန် အ​နွယ်​ဝင်၊ ရှေ​ဘ​ဆို​သူ​လူ​ဆိုး​လူ​သွမ်း တစ်​ယောက်​ရှိ​၏။ သူ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​ပြီး လျှင်``ဒါ​ဝိဒ်​ကို​အ​လို​မ​ရှိ။ ငါ​တို့​သူ့​နောက် သို့​မ​လိုက်​လို။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​ငါ​တို့ သည်​အိမ်​သို့​ပြန်​ကြ​ကုန်​အံ့'' ဟု​ဟစ်​အော် ကြွေး​ကြော်​၏။-

မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။-

ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။-

ဧ​လိ​ရှဲ​အား​ဖမ်း​ဆီး​ရန်​လူ​တစ်​ယောက်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​တော​အ​တွင်း​၌​ဧ​လိ​ရှဲ​သည်​မိ​မိ​ထံ​သို့ အ​လည်​အ​ပတ်​လာ​သော​အ​မျိုး​သား​အ​ကြီး အ​ကဲ​များ​နှင့်​အ​တူ မိ​မိ​၏​အိမ်​တွင်​ရှိ​လေ သည်။ မင်း​ကြီး​၏​စေ​တ​မန်​မ​ရောက်​လာ​မီ ဧ​လိ​ရှဲ​က ထို​အ​ကြီး​အကဲ​တို့​အား``လူ​သတ် သ​မား​သည် ငါ့​အား​သတ်​ရန်​လူ​တစ်​ယောက် ကို​စေ​လွှတ်​လေ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​ရောက်​လာ သော​အ​ခါ​တံ​ခါး​ကို​ပိတ်​ထား​ကြ​လော့။ သူ့ အား​အ​ထဲ​သို့​ဝင်​ခွင့်​မ​ပြု​ကြ​နှင့်။ မင်း​ကြီး ကိုယ်​တိုင်​ပင်​လျှင်​သူ​၏​နောက်​မှ​လိုက်​လာ လိမ့်​မည်'' ဟု​ပြော​၏။-

ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။

``သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော ဆို​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​လူ​မျိုး​ခေါင်း​ဆောင် ကို​မ​ကျိန်​ဆဲ​ရ။

မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။

တ​ရား​မျှ​တ​မှု​သည်​အ​ဝေး​သို့​အ​နှင်​ခံ​ရ လျက် အ​မှန်​တ​ရား​သည်​လည်း​အ​နီး​သို့​မ​ချဉ်း ကပ်​နိုင်​ပါ။ တ​ရား​စီ​ရင်​ရာ​ဌာ​န​များ​၌​အ​မှန် တ​ရား​မ​ရှိ၊ သစ္စာ​တ​ရား​သည်​ရပ်​တည်​၍​မ နေ​နိုင်။-

``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။-

သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။

သို့​ဖြစ်​၍``ဤ​သူ​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား​လည်း​ကောင်း​ပြစ်​မှား​ပြော ဆို​သည်​ကို​ငါ​တို့​ကြား​ပါ​သည်'' ဟု​လူ​တို့ အား​တံ​စိုး​လက်​ဆောင်​ပေး​၍​အ​ပြော​ခိုင်း ကြ​၏။-

ထို့​နောက်​သူ​တို့​သည်​မု​သား​သက်​သေ​များ​ကို ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​သက်​သေ​များ​က``ဤ​သူ သည်​ဗိ​မာန်​တော်​နှင့်​ပ​ညတ်​တ​ရား​တော်​တို့ ကို​ဆန့်​ကျင်​၍ အ​မြဲ​ပြော​ဆို​လျက်​နေ​ပါ​၏။-

အ​ခြေ​မ​ရှိ​သူ​အ​ချို့​က​တစ်​မြို့​သား​ချင်း တို့​အား ယ​ခင်​က​သူ​တို့​ဝတ်​မ​ပြု​မ​ကိုး ကွယ်​ဘူး​သော ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန်​သွေး​ဆောင်​သည့်​သ​တင်း​ကို​ကြား မိ​လျှင်၊-

``သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ဆို​ချက်​ဖြင့် လူ​တစ်​ယောက်​အား ပြစ်​မှု​ကူး​လွန်​သည်​ဟု မ​စီ​ရင်​ရ။ အ​နည်း​ဆုံး​သက်​သေ​နှစ်​ဦး​ရှိ မှ​လူ​တစ်​ယောက်​အား အ​ပြစ်​ရှိ​သည်​ဟု ဆုံး​ဖြတ်​ရ​မည်။-

ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဋ္ဌမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။

ဧ​လိ​၏​သား​တို့​သည်​သူ​ယုတ်​မာ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ