Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 21:1

Common Language Bible

ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယော​ရံ​က``ငါ​၏​စစ်​ရ​ထား​ကို​အ​သင့်​ပြင် လော့'' ဟု​အ​မိန့်​ပေး​၏။ အ​သင့်​ရှိ​သော​အ​ခါ သူ​နှင့်​အာ​ခ​ဇိ​မင်း​သည် စစ်​ရ​ထား​ကိုယ်​စီ​စီး ၍​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရန်​ထွက်​သွား​ကြ​၏။ သူ တို့​သည်​နာ​ဗုတ်​၏​မြေ​သို့​ရောက်​သော​အ​ခါ ယေ​ဟု​နှင့်​ဆုံ​မိ​ကြ​၏။-

ထို​အ​ခါ​ယေ​ဟု​သည်​မိ​မိ​၏​ရ​ထား​မှူး ဗိ​ဒ​က​အား``သူ​၏​အ​လောင်း​ကို​ယူ​၍​နာ​ဗုတ် မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့။ ယော​ရံ​မင်း​၏​ဖ​ခင် အာ​ဟပ်​နောက်​မှ သင်​နှင့်​ငါ​မြင်း​စီး​၍​လိုက် လာ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​က​အာ​ဟပ် အား`ယ​မန်​နေ့​က​နာ​ဗုတ်​နှင့်​သား​များ​အား သတ်​သည့်​အ​မှု​ကို​ငါ​တွေ့​မြင်​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​ထို​မြေ​ကွက်​ထဲ​၌​ပင် အ​ပြစ် ဒဏ်​စီ​ရင်​မည်' ဟု​မိန့်​တော်​မူ​သည်​ကို​သ​တိ ရ​လျက် ထာ​ဝရ​ဘု​ရား​မိန့်​ကြား​တော်​မူ​ခဲ့ သည့်​အ​တိုင်း ယော​ရံ​၏​အ​လောင်း​ကို​နာ ဗုတ်​၏​မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့'' ဟု​ဆို ၏။

ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-

ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။

သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ကို​ဖြစ်​စေ၊ လယ်​ယာ​ကို​ဖြစ်​စေ၊ တပ်​မက်​လာ​လျှင်​အ​နိုင် အ​ထက်​သိမ်း​ယူ​တတ်​ကြ​သည်။ မည်​သူ​၏​အိုး အိမ်​နှင့်​အ​မွေ​ပစ္စည်း​ဟူ​သ​မျှ​လုံ​ခြုံ​သည် ဟူ​၍​မ​ရှိ။

ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-

ထို​အ​ခါ​မိ​ဒျန်​အ​မျိုး​သား​များ၊ အာ​မ​လက် အ​မျိုး​သား​များ၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​အ​ပေါင်း တို့​သည်​စု​ဝေး​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ပြီး​လျှင် ယေ​ဇ​ရေ​လ​ချိုင့်​တွင်​စ​ခန်း​ချ​ကြ​၏။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ