၃ ရာ 20:8Common Language Bibleခေါင်းဆောင်များနှင့်ပြည်သူတို့က``ဤသူ၏ စကားကိုအရေးစိုက်တော်မမူပါနှင့်။ အညံ့ လည်းခံတော်မမူပါနှင့်'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အာဟပ်သည်ဗင်္ဟာဒဒ်၏သံတမန် တို့အား``ငါသည်ပထမတောင်းဆိုချက်ကို လိုက်လျောရန်သဘောတူသော်လည်း ဒုတိယ တောင်းဆိုချက်ကိုမူမလိုက်လျောနိုင်ကြောင်း ငါ့အရှင်ဘုရင်မင်းအားလျှောက်ထားကြ လော့'' ဟုမိန့်တော်မူ၏။ သံတမန်တို့သည်ပြန်သွားပြီးနောက် တစ်ဖန် ပြန်လာ၍၊-