၃ ရာ 20:33Common Language Bibleဗင်္ဟာဒဒ်၏အမှုထမ်းတို့သည် အရိပ်အခြည် ကိုစောင့်၍ကြည့်နေရကြရာ၊ အာဟပ်က``နောင် တော်'' ဟုဆိုလိုက်သောအခါချက်ချင်းပင် ဆက်၍``အရှင်မိန့်တော်မူသည့်အတိုင်းဗင်္ဟာ ဒဒ်သည်အရှင်၏နောင်တော်ပါ'' ဟုလျှောက် ကြ၏။ ထိုအခါအာဟပ်က``သူအားငါ့ထံသို့ခေါ် ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။ ဗင်္ဟာဒဒ်ရောက်ရှိ လာသောအခါ အာဟပ်သည်သူ့အားမိမိ၏ ရထားပေါ်သို့တက်ရန်ဖိတ်ခေါ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဗင်္ဟာဒဒ်က``အရှင့်ခမည်းတော်၏လက်မှအကျွန်ုပ် ၏ခမည်းတော်သိမ်းယူခဲ့သောမြို့များကို အရှင့် အားပြန်လည်ပေးအပ်ပါမည်။ အကျွန်ုပ်၏ခမည်း တော်သည်ရှမာရိမြို့တွင်ကုန်သွယ်ရေးဌာနကို ထားရှိခဲ့သည့်နည်းတူ အရှင်သည်လည်းဒမာ သက်မြို့တွင်ကုန်သွယ်ရေးဌာနထားရှိနိုင်ပါ သည်'' ဟုဆို၏။ အာဟပ်က``ဤသဘောတူညီချက်များအရ သင်၏အသက်ကိုချမ်းသာပေးမည်'' ဟုဆို၏။ ထိုနောက်သူသည်ဗင်္ဟာဒဒ်နှင့်မဟာမိတ်စာချုပ် ချုပ်ဆိုပြီးလျှင် ဗင်္ဟာဒဒ်အားသွားခွင့်ပြုတော် မူ၏။
ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-