Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 20:29

Common Language Bible

ရှု​ရိ​အ​မျိုး​သား​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​သည် ခု​နစ်​ရက်​တိုင်​တိုင်​မျက်​နှာ​ချင်း​ဆိုင် တပ်​စွဲ​လျက်​နေ​ကြ​၏။ ခု​နစ်​ရက်​မြောက်​သော နေ့​၌​စ​တင်​တိုက်​ခိုက်​ကြ​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​ရှု​ရိ​အ​မျိုး​သား တစ်​သိန်း​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ပါ​ဒ​နာ​ရံ​ပြည်​မှ ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သ​မီး၊ လာ​ဗန်​၏​နှ​မ​ရေ​ဗက္က​နှင့်​အိမ်​ထောင် ပြု​လေ​သည်။-

ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ရှု​ရိ​ပြည် သား​တို့​အား​တိုက်​ထုတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ် ၏​လူ​တို့​က​ရှု​ရိ​စစ်​ရ​ထား​မှူး​ခု​နစ်​ရာ နှင့်​မြင်း​စီး​သူ​ရဲ​လေး​သောင်း​တို့​ကို​သုတ် သင်​ပြီး​လျှင် ရန်​သူ​ဗိုလ်​ချုပ်​ရှော​ဗက်​ကို လည်း​ဒဏ်​ရာ​ရ​စေ​၏။ ထို့​ကြောင့်​သူ​သည် စစ်​မြေ​ပြင်​၌​ပင်​သေ​ဆုံး​လေ​သည်။-

ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-

ရှု​ရိ​ပြည်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​ပြူ တင်း​ပေါက်​ကို မင်း​ကြီး​အား​ဖွင့်​စေ​၏။ ထို​နောက် ဧ​လိ​ရှဲ​က``မြား​ကို​ပစ်​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​ပစ်​လေ​သော်​ပ​ရော​ဖက်​က``သင်​သည် ထာ​ဝရ​ဘု​ရား​၏​မြား​ဖြစ်​၏။ ဘု​ရား​ရှင်​သည် ထို​မြား​အား​ဖြင့်​ရှု​ရိ​ပြည်​ကို​အ​နိုင်​ရ​တော် မူ​လိမ့်​မည်။ သင်​သည်​အာ​ဖက်​မြို့​တွင် ရှု​ရိ​အ​မျိုး သား​တို့​အား​အ​နိုင်​မ​ရ​မ​ချင်း​တိုက်​ခိုက်​လိမ့် မည်'' ဟု​ဆို​၏။

ထို​ကာ​လ​၌​ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ် မင်း​၏​သား​တော်​ယ​ဟော​ရှ​သည် ဗင်္ဟာ​ဒဒ်​ကို သုံး​ကြိမ်​တိုင်​တိုင်​နှိမ်​နင်း​ပြီး​လျှင် ခ​မည်း တော်​ယော​ခတ်​လက်​ထက်​၌​ဗင်္ဟာ​ဒဒ်​သိမ်း​ယူ သွား​သော​မြို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။

အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။

ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

သတ္တမ​နေ့​နံ​နက်​အ​ရုဏ်​တက်​အ​ချိန်​၌​သူ​တို့ သည်​နိုး​ထ​၍ ယ​ခင်​လှည့်​ပတ်​နည်း​အ​တိုင်း​မြို့ ကို​ခုနစ်​ကြိမ်​လှည့်​ပတ်​ကြ​လေ​သည်။ ထို​နေ့​၌ သာ​မြို့​ကို​ခု​နစ်​ကြိမ်​တိုင်​အောင်​လှည့်​ပတ်​ကြ သည်။-

ဂေါ​လျတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​နံ​နက်​တစ်​ခါ၊ ည​တစ်​ခါ​အရက်​လေး​ဆယ်​တိုင်​တိုင်​စိန် ခေါ်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ