နယ်မြေတပ်မှူးတို့၏စစ်လုလင်များသည် ဣသရေလတပ်မတော်၏ရှေ့မှခေါင်း ဆောင်၍တိုက်ကြ၏။-
အာဟပ်သည်စတင်၍တိုက်ခိုက်လေသည်။ နယ် မြေတပ်မှူးတို့၏စစ်လုလင်များကရှေ့ဆုံးမှ ချီတက်ကြ၏။ ဗင်္ဟာဒဒ်စေလွှတ်ထားသည့် အထောက်တော်တို့သည်လည်း ရှမာရိမြို့မှ စစ်သူရဲတစ်စုထွက်ခွာလာနေကြောင်းကို မင်းကြီးအားလျှောက်ထားကြ၏။-
မင်းကြီးက``ထိုသူတို့သည်တိုက်ခိုက်ရန်လာ သည်ဖြစ်စေ၊ စစ်ပြေငြိမ်းရန်လာသည်ဖြစ်စေ သူတို့အားအရှင်ရအောင်ဖမ်းဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။
သူတို့အသီးသီးတစ်ယောက်ကျသတ်ဖြတ် ကြ၏။ ထိုအခါရှုရိတပ်သားတို့သည်ထွက်ပြေး ကြသဖြင့် ဣသရေလတပ်မတော်သည်သူတို့ နောက်မှအပြင်းလိုက်ကြ၏။ ထို့ကြောင့်ဗင်္ဟာဒဒ် သည်မြင်းတပ်သားအချို့နှင့်အတူမြင်းစီး၍ ထွက်ပြေးလေသည်။-
ယွာဘနှင့်သူ၏တပ်သားတို့သည်ရှေ့သို့ ချီတက်တိုက်ခိုက်လျှင် ရှုရိတပ်သားတို့ သည်ထွက်ပြေးကြကုန်၏။-