၃ ရာ 20:15Common Language Bibleသို့ဖြစ်၍မင်းကြီးသည် နယ်မြေတပ်မှူးများ ၏လက်အောက်ရှိစစ်လုလင်စုစုပေါင်းနှစ်ရာ့ သုံးဆယ့်နှစ်ယောက်တို့ကိုခေါ်ပြီးနောက် တပ် သားခုနစ်ထောင်ရှိသောဣသရေလတပ်မ တော်ကိုစုရုံးစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အာဟပ်က``အဘယ်သူခေါင်းဆောင်၍တိုက်ခိုက် ပါမည်နည်း'' ဟုမေး၏။ ပရောဖက်က``နယ်မြေဘုရင်ခံများ၏လက် အောက်ရှိစစ်လုလင်တို့ကိုခေါင်းဆောင်စေ ရန် ထာဝရဘုရားမိန့်တော်မူ၏'' ဟုဆင့်ဆို ပြန်၏။ မင်းကြီးက``တပ်မတော်ကြီးကိုအဘယ်သူ ကွပ်ကဲရပါမည်နည်း'' ဟုမေးလျှင်၊- ``ဘုရင်မင်းကိုယ်တိုင်ဖြစ်ပါသည်'' ဟု ပရောဖက်ကပြန်ပြောလေသည်။
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။