၃ ရာ 20:1Common Language Bibleရှုရိဘုရင်ဗင်္ဟာဒဒ်သည် မိမိ၏စစ်သည်တော် အပေါင်းကိုစုရုံးစေပြီးလျှင် အခြားမင်း သုံးကျိပ်နှစ်ပါးခြံရံလျက်သူတို့၏မြင်း တပ်၊ ရထားတပ်များနှင့်အတူချီတက်၍ ရှမာရိမြို့ကိုဝိုင်းရံထားတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-
သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။-
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-