Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 2:27

Common Language Bible

ထို့​နောက်​ရှော​လ​မုန်​သည်​အ​ဗျာ​သာ​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ဆောင်​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။ ဤ​သို့​ဖြင့်​မင်း​ကြီး​သည်​ရှိ​လော​မြို့​၌ ယဇ်​ပု​ရော​ဟိတ်​ဧ​လိ​နှင့်​သား​မြေး​တို့​ကို အ​ကြောင်း​ပြု​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​တော်​တို့​ကို​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ဗေ​နာ​ယ​ကို​ယွာ​ဘ​၏​နေ​ရာ တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား တော်​မူ​၍ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း အ​ဗျာ​သာ​၏​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။

တပ်​မ​တော်​ဗိုလ်​ချုပ်၊ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊

ငါ​တို့​တွင်​ကိန်း​ဝပ်​တော်​မူ​ရာ​ရှိ​လော​မြို့​ရှိ တဲ​တော်​ကို ကိုယ်​တော်​သည်​စွန့်​ပစ်​တော်​မူ​၏။

သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။

ဤ​သို့​ဖြစ်​ရ​သည်​မှာ၊ ``အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​တို့​၏ ဟော​ပြော​ချက်​ကို​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ကို​အ​ဘယ် သူ​အား ထင်​ရှား​ပါ​သ​နည်း။ ဟု​ဟေ​ရှာ​ယ​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ် ပျက်​ခြင်း​ပင်​ဖြစ်​၏။-

စစ်​သား​များ​က ``ဤ​အင်္ကျီ​ကို​မ​ဆုတ်​ကြ နှင့်။ မဲ​ချ​၍​ယူ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း အ​ချင်း​ပြော​ဆို​ကြ​၏။ ဤ​စစ်​သား​များ ပြု​မူ​ကြ​ခြင်း​မှာ​ကျမ်း​စာ​တော်​တွင် ``ထို​သူ​တို့​သည်​ငါ​၏​အ​ဝတ်​များ​ကို​ခွဲ​ဝေ ယူ​ကြ​၏။ ငါ​၏​အင်္ကျီ​ကို​မဲ​ချ​ယူ​ကြ​၏'' ဟု​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပင်​တည်း။-

ထို​အ​ချိန်​၌​အ​မှု​ခပ်​သိမ်း​ပြီး​စီး​ပြီ​ဖြစ် ကြောင်း​ကို​သ​ခင်​ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် ကျမ်း​စာ​တော်​လာ​သည်​အ​တိုင်း​ဖြစ်​ပျက် စေ​ရန်​ကိုယ်​တော်​က ``ငါ​ရေ​ငတ်​သည်'' ဟု မိန့်​တော်​မူ​၏။

တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-

သို့​ရာ​တွင်​အ​ဟိ​မ​လက်​၏​သား​တစ်​ဦး​ဖြစ် သူ​အ​ဗျာ​သာ​သည် ထွက်​ပြေး​လွတ်​မြောက် သွား​ကာ​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ