Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 2:15

Common Language Bible

အ​ဒေါ​နိ​ယ​က``အ​ကျွန်ုပ်​သည်​ဘု​ရင်​ဖြစ် သင့်​သည်။ ယင်း​သို့​ဖြစ်​လိမ့်​မည်​ဟု​လည်း ဣသ​ရေ​လ​အ​မျိုး​သား​တိုင်း​မျှော်​လင့်​ခဲ့ သည်​ကို​မယ်​တော်​သိ​ပါ​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ အ​ကျွန်ုပ် သည်​ဘု​ရင်​မ​ဖြစ်​ဘဲ​အ​ကျွန်ုပ်​၏​ညီ​တော် က​ဘု​ရင်​ဖြစ်​လာ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​သည်​သူ​၏​မိ​ဖု​ရား​ဗာ​သ ရှေ​ဘ​အား နှစ်​သိမ့်​စေ​ပြီး​နောက်​သူ​နှင့်​ကိုယ် လက်​နှီး​နှော​မှု​ကို​ပြု​၏။ ဗာ​သ​ရှေ​ဘ​သည် လည်း​သား​ယောကျာ်း​လေး​ကို​ဖွား​မြင်​လေ သည်။ ထို​သား​ကို​ဒါ​ဝိဒ်​သည်​ရှော​လ​မုန်​ဟု နာ​မည်​မှည့်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​ငယ်​ကို​ချစ်​မြတ်​နိုး​တော်​မူ​သ​ဖြင့်၊-

အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။

အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။

ဟု​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​လိုက်​သွား နိုင်​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့် ထား​သူ​ဤ​လူ​စု​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရွေး​ချယ်​ခန့်​ထား​သူ​၏​အ​စေ ကို​အ​ကျွန်ုပ်​ခံ​ပါ​မည်။ အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​နေ​ပါ​မည်။-

ဒု​တိ​ယ​သား​မှာ​ခိ​လပ်​ဖြစ်​၍​သူ​၏​မိ​ခင်​ကား က​ရ​မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ ဂဲ​လ​ဖြစ်​၏။ တ​တိ​ယ​သား​ကား​အ​ဗ​ရှ​လုံ ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ​ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ ၏​သ​မီး​တော်​မာ​ခါ​ဖြစ်​၏။-

စ​တုတ္ထ​သား​သည်​အ​ဒေါ​နိ​ယ​ဖြစ်​၍​သူ​၏ မိ​ခင်​မှာ​ဟ္ဂိတ်​ဖြစ်​၏။ ပဉ္စ​မ​သား​မှာ​ရှေ​ဖ​တိ ဖြစ်​၍​သူ​၏​မိ​ခင်​သည်​အ​ဘိ​တ​လ​ဖြစ်​၏။-

သင်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​နှင့်​အ​တူ​သင်္ဂြိုဟ် ခြင်း​ကို​ခံ​ရ​သော​အ​ခါ ငါ​သည်​သင်​၏​သား တစ်​ယောက်​ကို​မင်း​မြှောက်​ကာ​သူ​၏​နိုင်​ငံ ကို​တည်​တံ့​ခိုင်​မြဲ​စေ​မည်။-

ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။-

ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။-

ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-

ဟ္ဂိတ်​နှင့်​ဒါ​ဝိဒ်​ရ​သော​သား​အ​ဒေါ​နိ​ယ​သည် အ​လွန်​အ​ဆင်း​လှ​၏။ အ​ဗ​ရှ​လုံ​သေ​ဆုံး​သ​ဖြင့် သူ​သည်​ဒါ​ဝိဒ်​၏​လက်​ရှိ​သား​တို့​တွင်​အ​ကြီး ဆုံး​ဖြစ်​၏။ ဒါ​ဝိဒ်​သည်​သူ့​အား​အ​ဘယ်​အ​မှု တွင်​မျှ​ပြော​ဆို​ဆုံး​မ​ဖူး​သည်​ဟူ​၍​မ​ရှိ။ သူ သည်​ထီး​နန်း​ကို​မျှော်​မှန်း​သူ​ဖြစ်​၍ မိ​မိ​ကိုယ် ပိုင်​ရ​ထား​များ၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး လူ​ငါး​ဆယ်​ကို​ရ​ရှိ​လေ​သည်။-

``အ​ကျွန်ုပ်​မှာ​မယ်​တော်​အား​ပန်​ကြား​စ​ရာ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မယ်​တော်​က``အ​ဘယ်​အ​ရာ​နည်း'' ဟု​မေး​၏။

ယ​ခု​ကျွန်ုပ်​တွင်​မယ်​တော်​အား​ပန်​ကြား စ​ရာ​ရှိ​ပါ​သည်။ ကျေး​ဇူး​ပြု​၍​မ​ငြင်း ပယ်​ပါ​နှင့်'' ဟု​ပြန်​ပြော​၏။ ဗာ​သ​ရှေ​ဘ​က``အ​ဘယ်​အ​ရာ​နည်း'' ဟု မေး​၏။

မင်း​ကြီး​က``မယ်​တော်​သည်​အ​ဘယ်​ကြောင့် သူ​၏​အ​တွက် အ​ဘိ​ရှက်​ကို​သာ​လျှင်​တောင်း ပါ​သ​နည်း။ ထီး​နန်း​ကို​ပါ​တောင်း​ခံ​ပါ​လော့။ အ​မှန်​ကို​ဆို​ရ​လျှင်​သူ​သည်​အ​ကျွန်ုပ်​၏ နောင်​တော်​ဖြစ်​၍ အ​ဗျာ​သာ​နှင့်​ယွာ​ဘ​တို့ သည်​လည်း​သူ​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​ပါ​သည်'' ဟု​မိန့်​တော်​မူ​၏။-

ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။

ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။ မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ