Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 19:8

Common Language Bible

ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။-

ကောင်း​ကင်​တ​မန်​သည်​ဒုတိယ​အ​ကြိမ်​လာ​ပြီး လျှင်``သင်​သွား​ရ​မည့်​ခ​ရီး​ဝေး​သော​ကြောင့် ထ​၍​စား​ဦး​လော့'' ဟု​ဆို​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-

ထို​အ​ခါ​မော​ရှေ​သည်​မိုး​တိမ်​ဖုံး​အုပ်​နေ​သော တောင်​ထိပ်​ပေါ်​သို့​တက်​သွား​လေ​သည်။ သူ​သည် တောင်​ထိပ်​ပေါ်​တွင်​အ​ရက်​လေး​ဆယ်​ပတ်​လုံး ရှိ​နေ​၏။

မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။-

မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``မော​ရှေ​နှင့် တွေ့​ဆုံ​ရန်​တော​ကန္တာ​ရ​သို့​သွား​လော့'' ဟု အ​မိန့်​ရှိ​တော်​မူ​သည်​အ​တိုင်း​သူ​သွား​လေ​၏။ သူ​သည်​မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​၏​တောင် ပေါ်​၌​တွေ့​ဆုံ​လျှင်​သူ့​ကို​နမ်း​၍​နှုတ်​ဆက်​၏။-

အ​ချိန်​စေ့​သော​အ​ခါ​သူ​တို့​သည်​ပွဲ​တော်​စာ​စား​သောက်​ကြ​သူ​များ​ထက် ပို​၍​ကျန်း​မာ​သန်​စွမ်း​လျက်​ရှိ​ကြောင်း​တွေ့​မြင်​ရ​လေ​သည်။-

ကိုယ်​တော်​သည်​ရက်​လေး​ဆယ်​ပတ်​လုံး​အ​စာ ရှောင်​လျက်​နေ​ပြီး​နောက်​မွတ်​သိပ်​၍​လာ​တော် မူ​၏။-

တော​ကန္တာ​ရ​တွင်​စာ​တန်​သည်​ကိုယ်​တော်​အား အ​ရက် လေး​ဆယ်​ပတ်​လုံး​စုံ​စမ်း​သွေး​ဆောင်​လေ​သည်။ ထို အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လည်း​ရှိ​၏။ သို့​ရာ တွင်​ကောင်း​ကင်​တ​မန်​တို့​သည်​လာ​၍ ကိုယ်​တော် ကို​လုပ်​ကျွေး​ကြ​၏။

ထို​နေ့​ရက်​များ​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​သုံး​ဆောင်​တော်​မ​မူ။ ထို​နေ့​ရက်​များ ကုန်​လွန်​သွား​သော​အ​ခါ​ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​၏။

သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။-

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ