Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 19:5

Common Language Bible

သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။

ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။-

ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။

``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။

ယင်း​သို့​ငါ​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ စဉ် ယ​ခင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ​တွေ့​မြင် ခဲ့​သူ၊ ဂါ​ဗြေ​လ​သည်​ငါ​ရှိ​ရာ​သို့​ပျံ​ဝဲ ဆင်း​သက်​လာ​၏။ ထို​အ​ချိန်​ကား​ညဥ့်​ဦး ယံ​ယဇ်​ပူ​ဇော်​ရာ​အ​ချိန်​ဖြစ်​၏။-

ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့်​ကောင်း​ကင် တ​မန်​သည် တစ်​ဖန်​လာ​၍​အိပ်​ပျော်​သူ​ကို နှိုး​သ​ကဲ့​သို့​ငါ့​ကို​နှိုး​ပြီး​လျှင်၊-

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။-

ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။

သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ