Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 19:1

Common Language Bible

အာ​ဟပ်​မင်း​သည်​ဧ​လိ​ယ​ပြု​သည့်​အ​မှု​အ​လုံး စုံ​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက်​တို့​အ​သတ် ခံ​ရ​ကြ​ပုံ​ကို​လည်း​ကောင်း​မိ​ဖု​ရား​ယေ​ဇ ဗေ​လ​အား​ပြော​ပြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-

ဧ​လိ​ယ​က``ဗာ​လ​ပ​ရော​ဖက်​တို့​ကို​ဖမ်း​ဆီး​ကြ လော့။ တစ်​ယောက်​မျှ​ထွက်​မ​ပြေး​စေ​ကြ​နှင့်'' ဟု အ​မိန့်​ပေး​၏။ လူ​တို့​သည်​ပ​ရော​ဖက်​အား​လုံး​ကို ဖမ်း​ဆီး​၍​ပေး​သ​ဖြင့် ဧ​လိ​ယ​သည်​သူ​တို့​အား ကိ​ရှုန်​ချောင်း​သို့​ထုတ်​သွား​ပြီး​လျှင်​ကွပ်​မျက် လေ​၏။

(ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-

ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။

ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ