၃ ရာ 18:42Common Language Bibleအာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်အားမီးလျှံထလျက်နေသောကောင်းကင်တမန်များသည် ခြံရံကာရပ်လျက်နေကြ၏။ သူတို့မှာအတောင်ခြောက်ခုစီရှိ၏။ သူတို့သည်အတောင်နှစ်ခုဖြင့်မိမိတို့မျက်နှာကိုလည်းကောင်း၊ အခြားနှစ်ခုဖြင့်ကိုယ်ခန္ဓာကိုလည်းကောင်းဖုံးအုပ်ထားကာကျန်အတောင်နှစ်ခုကိုမူပျံတက်ရာတွင်အသုံးပြုကြလေသည်။-
အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။ တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊ သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။-
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍ မြေပေါ် တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အဖခမည်းတော်၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်းကိုတတ်နိုင် တော်မူပါ၏။ ဤဒုက္ခဝေဒနာခွက်ကိုအကျွန်ုပ် ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော်၏အလို တော်အတိုင်းဖြစ်စေတော်မူပါ'' ဟူ၍မိမိ ခံရမည့်ဝေဒနာကိုလွှဲဖယ်ရန်ဖြစ်နိုင်ပါ က လွှဲဖယ်ပေးတော်မူပါမည့်အကြောင်းဆု တောင်းတော်မူ၏။