Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 18:28

Common Language Bible

သို့​ဖြစ်​၍​ဗာ​လ​ပရော​ဖက်​တို့​သည်​ပို​၍​အ​သံ ကျယ်​စွာ​ဆု​တောင်း​လျက် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့် အ​တိုင်း​ဋ္ဌား​နှင့်​ဋ္ဌား​မြှောင်​များ​ဖြင့်​သွေး​ယို စီး​လာ​သည့်​တိုင်​အောင်​ကိုယ်​ကို​ရှ​စေ​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မွန်း​တည့်​ချိန်​၌​ဧ​လိ​ယ​သည်​သူ​တို့​အား``သင် တို့​သည်​ပို​၍​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ကြ လော့။ ဗာ​လ​ကား​ဘု​ရား​ပေ​တည်း။ သူ​သည်​ဆင် ခြင်​စဉ်​စား​လျက်​သော်​လည်း​ကောင်း၊ တ​ပို​တ​ပါး သွား​လျက်​သော်​လည်း​ကောင်း၊ ခ​ရီး​လွန်​၍​သော် လည်း​ကောင်း​နေ​ပေ​မည်။ ထို​သို့​မ​ဟုတ်​လျှင်​လည်း အိပ်​လျက်​နေ​ကောင်း​နေ​မည်​ဖြစ်​၍​သူ့​အား နှိုး​ရ​ကြ​မည်'' ဟု​ပြက်​ရယ်​ပြု​၍​ဆို​၏။-

ထို​နောက်​သူ​သည်​အ​ခြား​ကျန်​ရှိ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ထု​လုပ်​ပြီး​လျှင် ဦး​ချ​ဝတ်​ပြု​၍ ထို​ရုပ်​တု​အား``အ​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကယ်​မ​တော်​မူ​ပါ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​၏။

ဂါ​ဇ​မြို့​သူ​မြို့​သား​တို့​သည်​များ​စွာ ဝမ်း​နည်း​ကြေ​ကွဲ​ရ​ကြ​လေ​ပြီ။ အာ​ရှ​ကေ​လုန်​မြို့​သူ​မြို့​သား​တို့​သည်​လည်း ဆိတ်​ဆိတ်​နေ​ကြ​၏။ ကြွင်း​ကျန်​၍​နေ​သော​ဖိ​လိတ္တိ​ပြည်​သူ​တို့ သည်​အ​ဘယ်​မျှ ကြာ​ကြာ​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ မည်​နည်း။

ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

ငါ​သည်​သိုး​ထောင်​ပေါင်း​များ​စွာ​ကို​သော် လည်း​ကောင်း၊ သံ​လွင်​ဆီ​ကို​ချောင်း​စီး​အောင် သော်​လည်း​ကောင်း​ယူ​ဆောင်​ခဲ့​လျှင် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​မည်​လော၊ ငါ​၏ အ​ပြစ်​ပြေ​စေ​ရန်​ကိုယ်​တော်​အား ငါ​၏ သား​ဦး​ကို​ဆက်​သ​ရ​မည်​လော၊-

ထို​နောက်​အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်`သင် ၏​ရင်​၌​ရှိ​သော​ဒဏ်​ရာ​ကား​အ​ဘယ်​နည်း' ဟု မေး​ခဲ့​သော်​ထို​သူ​က`အ​ကျွန်ုပ်​သည်​ဤ​ဒဏ် ရာ​များ​ကို​မိတ်​ဆွေ​တစ်​ဦး​၏​အိမ်​တွင်​ရ​ရှိ ခဲ့​ပါ​သည်' ဟု​ပြန်​ပြော​လိမ့်​မည်'' ဟူ​၍​မိန့် တော်​မူ​၏။

သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။

နတ်​သည်​သူ​ငယ်​အား​သေ​စေ​ရန်​ကြိမ်​ဖန်​များ​စွာ မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့​ဖြစ်​စေ​လဲ​စေ​တတ်​ပါ သည်။ အ​ရှင်​တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အား သ​နား​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ'' ဟု​ပြန်​လည် လျှောက်​ထား​၏။

``သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သေ​ဆုံး သူ​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​ကို​ကွဲ​ရှ​ပွန်း​ပဲ့​စေ​ခြင်း၊ ဆံ​ဦး စွန်း​ကို​ရိတ်​ခြင်း​မ​ပြု​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ