၃ ရာ 17:9Common Language Bible``ယခုသင်သည်ဇိဒုန်မြို့အနီးရှိဇရတ္တမြို့ သို့သွား၍နေထိုင်လော့။ ထိုမြို့သူမုဆိုးမ တစ်ယောက်အား သင့်ကိုကျွေးမွေးရန်ငါမှာ ကြားထားပြီ'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်မြောက်ပိုင်းမှပြည်နှင်ဒဏ် သင့်သူတို့၏တပ်မတော်သည်ပြန်လာ၍၊ မြောက်ဘက်ရှိဇရတ္တမြို့တိုင်အောင်ဖိုနိရှ ပြည်ကို သိမ်းယူကြလိမ့်မည်။ ယေရုရှလင်မြို့မှပြည်နှင်ဒဏ်သင့်၍ သေဖရဒ်မြို့သို့ ရောက်ရှိနေသူများသည် ယုဒပြည်တောင်ပိုင်းမြို့များကိုသိမ်းယူ ကြလိမ့်မည်။
ထာဝရဘုရားကဂိဒေါင်အား``သင်နှင့် အတူပါလာသောလူတို့သည်အရေအတွက် အားဖြင့်များလွန်းသဖြင့် သူတို့အားမိဒျန် အမျိုးသားတို့အပေါ်အောင်မြင်ခွင့်ကိုငါ မပေးလို။ အကယ်၍ပေးခဲ့သော်သူတို့သည် မိမိတို့၏စွမ်းရည်ဖြင့်အောင်ပွဲရသည်ဟု ထင်မှတ်ကာငါ့ကျေးဇူးကိုမသိဘဲနေ ကြလိမ့်မည်။-
ထိုနောက်ထာဝရဘုရားသည်ဂိဒေါင်အား ``ကျန်ရှိနေသူတို့မှာများလွန်းသေးသည်။ သူတို့အားရေဆိပ်သို့ခေါ်သွားလော့။ ထို အရပ်တွင်သူတို့ကိုသင့်အတွက်ငါလူနှစ်စု ခွဲ၍ပေးမည်။ အကယ်၍ဤမည်သောသူသည် သင်နှင့်အတူလိုက်ရမည်ဟုငါဆိုလျှင် ထို သူသည်သင်နှင့်လိုက်ရမည်။ အကယ်၍ဤ မည်သောသူသည်သင်နှင့်အတူမလိုက်ရ ဟုငါဆိုလျှင်မူကား ထိုသူသည်သင်နှင့် မလိုက်ရ'' ဟုမိန့်တော်မူ၏။-