Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 16:30

Common Language Bible

သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-

သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-

ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-

သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-

အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။-

(ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-

ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ မိ​မိ အ​လျင်​နန်း​စံ​တော်​မူ​ခဲ့​သည့်​ခ​မည်း​တော်​ကဲ့ သို့​ပင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​သည်။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး​၏။

သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​သော် လည်း မိ​မိ​၏​နောင်​တော်​ဣသ​ရေ​လ​ဘု​ရင် များ​လောက်​မ​ဆိုး​ရွား​ချေ။-

သူ​သည်​ဘု​ရား​သခင်​အား​ပြစ်​မှား​သော်​လည်း မိ​မိ ၏​ခ​မည်း​တော်​သို့​မ​ဟုတ်​မယ်​တော်​ယေ​ဇ​ဗေ​လ လောက်​မ​ဆိုး​ချေ။ သူ​သည်​ခ​မည်း​တော်​တည်​လုပ် ခဲ့​သော​ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ပယ်​ရှား လိုက်​လေ​သည်။-

ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။

အာ​ဟပ်​နှင့်​သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ကြ သူ​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ရန် ရှေ့​ဆောင်​လမ်း ပြ​ခဲ့​ကြ​သည့်​နည်း​တူ​သင်​သည်​ယု​ဒ​ပြည်​သူ များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​များ​ကို​သစ္စာ ဖောက်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​ပေ​သည်။ သင် သည်​မိ​မိ​ထက်​ကောင်း​မြတ်​သော​ညီ​များ အား​လည်း​သတ်​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ