သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-
အာရှရဘုရားမကိုဝတ်ပြုကိုးကွယ်ရန် အတွက် တံခွန်တိုင်ကိုလည်းစိုက်ထူလေသည်။ သူသည်မိမိ၏နောင်တော့်နောင်တော်ဣသရေ လဘုရင်အပေါင်းတို့ထက်ပင် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၏အမျက်တော်ကိုပို၍လှုံ့ဆော် ပေး၏။-
(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
သူသည်ထာဝရဘုရားအားပြစ်မှားသော် လည်း မိမိ၏နောင်တော်ဣသရေလဘုရင် များလောက်မဆိုးရွားချေ။-
သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''