Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 16:19

Common Language Bible

ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-

ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။

သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကဲ့​သို့​ပင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​လေ သည်။

ယင်း​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ယေ​ရော​ဗောင်​သည် မိ​မိ​ကိုယ်​တိုင်​ကူး​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့် လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​ကူး စေ​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး သော​ကြောင့်​ဖြစ်​၏။

ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​လေ​သည်။

ဗာ​ရှာ​နှင့်​သား​တော်​ဧ​လာ​သည်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-

သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။-

ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ