၃ ရာ 15:23Common Language Bibleအာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊- အခန်းကိုကြည့်ပါ။ |
မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-
ကျွန်တော်မျိုးတို့သည်အနှစ်ခုနစ်ဆယ်မျှသာ ရှည်ကြပါ၏။ အကယ်၍အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင်ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည်ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင်ခံစားကြရပါ၏။ မကြာမီကွယ်လွန်သဖြင့်ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။