Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 14:3

Common Language Bible

သူ့​အ​တွက်​မုန့်​ဆယ်​လုံး၊ မုန့်​ပြား​အ​ချို့​နှင့် ပျား​ရည်​တစ်​ဘူး​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ငါ​တို့​၏​သား​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စုံ​စမ်း မေး​မြန်း​လော့။ သူ​သည်​သင့်​အား​ပြော​ပြ လိမ့်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​မင်း​ကြီး​က​ပ​ရော​ဖက်​အား``အ​ကျွန်ုပ် နှင့်​အ​တူ နန်း​တော်​သို့​လိုက်​၍​အ​စား​အ​စာ သုံး​ဆောင်​ပါ​လော့။ သင့်​အား​လက်​ဆောင်​ပေး ပါ​မည်'' ဟု​ဆို​၏။

ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့ နန်း​တော်​အ​မိုး​ထက်​ရှိ​လ​သာ​ဆောင်​မှ​လိမ့် ကျ​သ​ဖြင့် ပြင်း​ထန်​စွာ​ဒဏ်​ရာ​ရ​ရှိ​၏။ သို့ ဖြစ်​၍​သူ​သည်​ဖိ​လိတ္တိ​ပြည်​ဧ​ကြုန်​မြို့​၏​ဘု​ရား ဗာ​လ​ဇေ​ဗုပ်​ထံ​သံ​တ​မန်​များ​စေ​လွှတ်​ကာ မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည်​မ​လာ​မည် ကို​စုံ​စမ်း​မေး​မြန်း​စေ​၏။-

အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။-

သူ​သည်​မိ​မိ​၏​နောက်​လိုက်​နောက်​ပါ​အ​ပေါင်း​နှင့် အ​တူ ဧ​လိ​ရှဲ​ထံ​သို့​ပြန်​သွား​ပြီး​လျှင်'' ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား မ​ရှိ​ကြောင်း​ကို​ယ​ခု​အ​ကျွန်ုပ်​သိ​ပါ​ပြီ။ သို့​ဖြစ်​၍ အ​ရှင်၊ အ​ကျွန်ုပ်​ပေး​လှူ​သော​လက်​ဆောင်​ကို​လက်​ခံ တော်​မူ​ပါ'' ဟု​ပြော​၏။

မင်း​ကြီး​က``ဣသ​ရေ​လ​ဘု​ရင်​ထံ​သို့​သွား​၍​ဤ စာ​ကို​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​မန် သည်​ငွေ​သား​သုံး​သောင်း၊ ရွှေ​သား​ခြောက်​ထောင်​နှင့် ဝတ်​စား​တန်​ဆာ​ဆယ်​စုံ​ကို​ယူ​၍​ထွက်​ခွာ​သွား လေ​သည်။-

အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-

ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ