Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 14:26

Common Language Bible

ရှော​လ​မုန်​ပြု​လုပ်​ခဲ့​သည့်​ရွှေ​ဒိုင်း​လွှား​များ အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း​တော်​မှ​ဘဏ္ဍာ တော်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​သွား​လေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​အာ​သ​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း တော်​တွင်​ကျန်​ရှိ​နေ​သေး​သော ရွှေ၊ ငွေ​ရှိ​သ​မျှ​ကို မှူး​မတ်​အ​ချို့​တို့​လက်​ဖြင့်​ဒ​မာ​သက်​မြို့​ရှိ ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ယူ​ဆောင်​သွား​စေ တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ကား​ရေ​ဇုန်​၏​မြေး၊ တာ​ဗ​ရိ မုန်​၏​သား​ဖြစ်​သ​တည်း။-

ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။

ယု​ဒ​ဘု​ရင်​ယော​ရှ​သည်​မိ​မိ​၏​အ​လျင် အုပ်​စိုး​ခဲ့​ကြ​သော​ယော​ရှ​ဖတ်​မင်း၊ ယ​ဟော​ရံ မင်း​နှင့်​အာ​ခ​ဇိ​မင်း​တို့​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သည့်​ပူ​ဇော်​သ​ကာ​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ပေး​လှူ​ထား​သည့်​ပူ​ဇော်​သကာ များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​တွင်​ရှိ​သ​မျှ​သော​ရွှေ​ကို​လည်း ကောင်း​ယူ​၍ လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဟာ​ဇေ​လ မင်း​ထံ​ပေး​ပို့​လိုက်​၏။ ထို​အ​ခါ​ဟာ​ဇေ​လ သည်​မိ​မိ​၏​တပ်​မ​တော်​ကို ယေ​ရု​ရှ​လင်​မြို့ မှ​ရုပ်​သိမ်း​သွား​လေ​၏။

သူ​သည်​မိ​မိ​တွေ့​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​နှင့်​ဘဏ္ဍာ​တော် တိုက်​တွင် ရှိ​သ​မျှ​ကို​ယူ​၍​ရှ​မာ​ရိ​မြို့​သို့ သယ်​ဆောင်​သွား​တော်​မူ​၏။ ယ​ဟော​ရှ​မင်း သည်​ဋ္ဌား​စာ​ခံ​များ​ကို​လည်း ဖမ်း​ဆီး​ခေါ် ဆောင်​ခဲ့​လေ​သည်။

ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-

အ​ရိပ်​တ​မျှ​ခ​ဏ​သာ​အ​သက်​ရှင်​ပါ​၏။ သူ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ဘာ​မျှ အ​ကျိုး​မ​ရှိ။ သူ​သည်​စည်း​စိမ်​ဥစ္စာ​ကို​စု​ဆောင်း​သော်​လည်း အ​ဘယ်​အ​ရာ​ကို​အ​ဘယ်​သူ​ရ​ရှိ​လိမ့်​မည်​ကို သူ​မ​သိ။

ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ