၃ ရာ 14:24Common Language Bibleအဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ထိုစက်ဆုပ်ဖွယ်သောအကျင့်တို့ ကိုပြုကျင့်၍ တိုင်းပြည်ကိုညစ်ညမ်းစေကြ ၏။ သင်တို့မူကားထိုအကျင့်များကိုမပြု ကျင့်ရ။ ဣသရေလအမျိုးသားဖြစ်စေ၊ သင် တို့နှင့်အတူနေထိုင်သောလူမျိုးခြားသား ဖြစ်စေ၊ သင်တို့အားလုံးသည်ထာဝရဘုရား ၏ပညတ်တော်များနှင့် ပြဋ္ဌာန်းချက်များ ကိုစောင့်ထိန်းရကြမည်။-
ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။