Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 13:34

Common Language Bible

ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

``ငါ​၏​ပြည်​သူ​တို့​သည်​ယခု​အ​တိုင်း​ယေ​ရု ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် သူ​တို့ သည်​ယု​ဒ​ဘု​ရင်​ရော​ဗောင်​၏​ကျေး​ဇူး​သစ္စာ ကို​ပြောင်း​လဲ​ခံ​ယူ​ကာ​ငါ့​အား​လုပ်​ကြံ ကြ​ပေ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။

ထို့​ကြောင့်​ပြည်​သူ​တို့​သည်​ထို​မြို့​များ​သို့​သွား ရောက်​ကာ ကိုး​ကွယ်​ဝတ်​ပြု​လျက်​အ​ပြစ်​ကူး လွန်​ကြ​ကုန်​၏။-

ထို​အ​ချိန်​၌​ယေ​ရော​ဗောင်​၏​သား​အ​ဘိ​ယ သည်​ဖျား​နာ​လျက်​နေ​၏။-

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-

သင်​၏​အိမ်​ထောင်​စု​သား​များ​သည်​မြို့​တွင်း​၌ သေ​လျှင်​ခွေး​စာ၊ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။

ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။-

ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​ဒု​တိ​ယ​နှစ်​၌ ယေ​ရော ဗောင်​မင်း​၏​သား​တော်​နာ​ဒဒ်​သည် ဣ​သ​ရေ​လ ပြည်​တွင်​နန်း​တက်​၍​နှစ်​နှစ်​မျှ​နန်း​စံ​တော်​မူ​၏။-

သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကဲ့​သို့​ပင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​လေ သည်။

သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'-

သို့​ရာ​တွင်​ယေ​ဟု​သည်​ယေ​ရော​ဗောင်​မင်း ကို​အ​တု​ခိုး​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဗေ​သ​လ​မြို့ နှင့်​ဒန်​မြို့​တွင် မိ​မိ​ပြု​လုပ်​ထား​သည့်​ရွှေ နွား​ရုပ်​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​သည့် အ​ပြစ်​ကို​ကူး​လွန်​ခဲ့​၏။-

သို့​ရာ​တွင်​ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ပ​ညတ်​တ​ရား​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း မဲ့​မ​လိုက်​လျှောက်​ဘဲ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန် လမ်း​ပြ သူ​ယေ​ရော​ဗောင်​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။

ဣ​သ​ရေ​လ​ပြည်​ကို​ယု​ဒ​ပြည်​မှ​ထာ​ဝရ ဘု​ရား​ခွဲ​ထုတ်​တော်​မူ​လိုက်​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ကို​မင်း​မြှောက်​ကြ​၏။ သူ​တို့​အား ယေ​ရော​ဗောင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​စေ ရန်​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​စေ​ရန် လည်း​ကောင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​၏။-

ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသော သူကိုလှဲတတ်၏။

သင့်​အား​ဖယ်​ရှား​ပစ်​တော်​မူ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ လေ​ပြီ။ သင်​သည်​ပြည်​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော်​ပြော​ဆို​သည် ဖြစ်​၍​ဤ​နှစ်​မ​ကုန်​မီ​သေ​ရ​လိမ့်​မည်'' ဟု ဆို​၏။

အာ​ဝင်​မြို့​တောင်​ကုန်း​ပေါ်​ရှိ ဣ​သ​ရေ​လ ပြည်​သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​များ​သည် ပြို​ပျက်​ရ​လိမ့်​မည်။ သူ​တို့​၏​ယဇ်​ပလ္လင်​များ ပေါ်​တွင်​ဆူး​ပင်​များ၊ ပေါင်း​ပင်​များ​ပေါက် လိမ့်​မည်။ ထို​အ​ခါ​လူ​တို့​က​တောင်​များ ကို``ငါ​တို့​အား​ဖုံး​ကွယ်​ထား​ကြ​ပါ'' ဟူ​၍ လည်​ကောင်း၊ တောင်​ကုန်း​များ​ကို``ငါ​တို့​အား ဖုံး​အုပ်​ထား​ကြ​ပါ'' ဟူ​၍​လည်​ကောင်း ဟစ်​အော်​တောင်း​ပန်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ