၃ ရာ 13:26Common Language Bibleပရောဖက်အိုကြီးသည် ထိုသတင်းကိုကြား သောအခါ``ဤသူကားထာဝရဘုရား၏အမိန့် တော်ကိုလွန်ဆန်သည့်ပရောဖက်ပင်ဖြစ်ပါသည် တကား။ ထာဝရဘုရားသည်မိမိအမိန့်တော်ရှိ ခဲ့သည့်အတိုင်း ခြင်္သေ့ကိုစေလွှတ်၍ကိုက်သတ်စေ တော်မူလေပြီ'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
သူ၏အလောင်းသည်လမ်းပေါ်တွင်လဲလျက် မြည်းနှင့်ခြင်္သေ့သည်လည်း ထိုအလောင်းအနီး ၌ပင်ရပ်လျက်နေကြ၏။ ယင်းသို့လမ်းပေါ် တွင်လဲနေသောအလောင်းကိုလည်းကောင်း၊ အနီးတွင်ရပ်လျက်နေသောမြည်းနှင့်ခြင်္သေ့ ကိုလည်းကောင်းခရီးသွားသူအချို့တို့ မြင်ကြ၏။ သူတို့သည်ဗေသလမြို့သို့ သွားပြီးလျှင်မိမိတို့တွေ့မြင်ခဲ့ရသည့် အဖြစ်အပျက်ကိုပြောကြားကြ၏။
အသက်ကြီးသူများ၊ ပျိုရွယ်သူယောကျာ်း မိန်းမများ၊ ကလေးအမေများနှင့်ကလေး များကိုသတ်ကြလော့။ သို့ရာတွင်နဖူး တွင်အမှတ်သညာရှိသူတစ်စုံတစ်ယောက် ကိုမျှမထိနှင့်။ ငါ၏ဗိမာန်တော်မှအစ ပြု၍ဆောင်ရွက်လော့'' ဟုမိန့်တော်မူသည် ကိုငါကြားရ၏။ သို့ဖြစ်၍ထိုသူတို့သည် ဗိမာန်တော်တွင်ရပ်လျက်နေသော ဣသရေလ အမျိုးသားအသက်ကြီးသူများကိုဦး စွာသတ်ကြ၏။
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။