Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 13:13

Common Language Bible

ပ​ရော​ဖက်​အို​ကြီး​က``ငါ​၏​မြည်း​ကို​ကုန်း​နှီး တင်​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သား​တို့ သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မေ​ဖိ​ဗော​ရှက်​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သိ တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​သည်​ခြေ​ဆွံ့ သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ မြည်း​စီး​၍​လိုက်​နိုင်​ရန်​မြည်း​ကို​ကုန်း​နှီး အ​တင်​ခိုင်း​သော်​လည်း​အ​ကျွန်ုပ်​၏​အ​စေ​ခံ သည်​အ​ကျွန်ုပ်​အား​လှည့်​စား​ပါ​၏။-

ပ​ရော​ဖက်​အို​ကြီး​က``ထို​သူ​သည်​အ​ဘယ် လမ်း​ဖြင့်​ပြန်​သ​နည်း'' ဟု​သား​တို့​အား​မေး လျှင်​သား​တို့​သည်​ယု​ဒ​ပ​ရော​ဖက်​ပြန်​သည့် လမ်း​ကို​ညွှန်​ပြ​ကြ​၏။-

ထို​အ​ခါ​သူ​သည်​မြည်း​ကို​စီး​၍​ယု​ဒ​ပ​ရော ဖက်​၏​နောက်​သို့​လိုက်​လေ​၏။ ဝက်​သစ်​ချ​ပင် တစ်​ပင်​အောက်​တွင်​ထို​ပ​ရော​ဖက်​ထိုင်​လျက် နေ​သည်​ကို​တွေ့​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​က``သင်​သည်​ယု​ဒ​ပြည်​မှ​လာ​သော ပ​ရော​ဖက်​လော'' ဟု​မေး​၏။ ထို​သူ​က​လည်း``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။

ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-

သို့​ဖြစ်​၍​နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ် သည် မြည်း​ကို​ကုန်း​နှီး​တင်​၍​စီး​ပြီး​လျှင် မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​နှင့် အ​တူ​လိုက်​သွား​လေ​၏။

သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​သော​သား​သုံး​ကျိပ် ရှိ​၏။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့​ပေါင်း​သုံး ဆယ်​ကို​အ​ပိုင်​စား​ရ​ရှိ​ကြ​လေ​သည်။ ထို​မြို့ တို့​သည်`ယာ​ဣ​ရ​ရွာ​များ' ဟူ​၍​ယ​နေ့​တိုင် အောင်​နာ​မည်​တွင်​လျက်​ရှိ​နေ​သေး​သ​တည်း။-

ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင် ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ