ရောဗောင်ကလည်း``သုံးရက်ကြာလျှင်ငါ့ထံသို့ ပြန်ခဲ့ကြ။ ထိုအခါမှသင်တို့အားငါအဖြေ ပေးမည်'' ဟုဆို၏။
သုံးရက်မျှကြာသောအခါယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့သည် ရောဗောင်မင်း မှာကြားလိုက်သည့်အတိုင်းပြန်လာကြ၏။-
ထို့နောက်ရောဗောင်သည် ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များအား``ထို သူတို့ကိုငါအဘယ်သို့ဖြေကြားရပါမည်နည်း။ သင်တို့အဘယ်သို့အကြံပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။