၃ ရာ 12:32Common Language Bibleယေရောဗောင်သည်ယုဒပြည်တွင်ကျင်းပသည့် ပွဲတော်နှင့်အလားတူဘာသာရေးပွဲတော်ကို လည်း အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ကျင်းပ ရန်ပြဋ္ဌာန်းတော်မူ၏။ သူသည်မိမိသွန်းလုပ် ထားသောနွားလားဥသဘရုပ်များအား ဗေသလမြို့ရှိယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်၍ မိမိဆောက်လုပ်ထားသည့်ကိုးကွယ် ဝတ်ပြုရာဌာနများတွင် အမှုတော်ဆောင် လျက်ရှိသောယဇ်ပုရောဟိတ်တို့ကိုထို မြို့၌တာဝန်ပေးအပ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။-
ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။-