၃ ရာ 12:30Common Language Bibleထို့ကြောင့်ပြည်သူတို့သည်ထိုမြို့များသို့သွား ရောက်ကာ ကိုးကွယ်ဝတ်ပြုလျက်အပြစ်ကူး လွန်ကြကုန်၏။- အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။-
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။