၃ ရာ 12:3Common Language Bibleဣသရေလပြည်မြောက်ပိုင်းမှလူတို့သည်သူ့ကို ခေါ်ယူပြီးလျှင် သူနှင့်အတူရောဗောင်မင်းထံသို့ သွားကြ၏။ သူတို့က၊- အခန်းကိုကြည့်ပါ။ |
``အရှင့်ခမည်းတော်ရှောလမုန်သည်ကျွန်ုပ်တို့ အပေါ်လေးလံသောထမ်းပိုးကိုတင်တော်မူခဲ့ ပါ၏။ အရှင်သည်ထိုလေးလံသောထမ်းပိုးနှင့် ပင်ပန်းသောဝန်ကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့ အားနေသာထိုင်သာရှိအောင်ပြုတော်မူမည်ဆို ပါက အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင့်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
ဂိဒေါင်၏သားအဘိမလက်သည်ရှေခင်မြို့ ရှိမိခင်ဘက်မှ ဆွေမျိုးအပေါင်းတို့ထံသို့ သွား၍မြို့သူမြို့သားတို့အား``သင်တို့သည် ဂိဒေါင်၏သားခုနစ်ဆယ်စလုံး၏အုပ်စိုး မှုကိုခံယူလိုကြပါသလော။ သို့တည်း မဟုတ်လူတစ်ဦးတည်း၏အုပ်စိုးမှုကို ခံယူလိုကြပါသလော။ အဘိမလက် သည်သင်တို့၏သွေးရင်းသားရင်းဖြစ် သည်ကိုမမေ့ပါနှင့်'' ဟုပြောကြားစေ၏။-