Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 12:26

Common Language Bible

``ငါ​၏​ပြည်​သူ​တို့​သည်​ယခု​အ​တိုင်း​ယေ​ရု ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် သူ​တို့ သည်​ယု​ဒ​ဘု​ရင်​ရော​ဗောင်​၏​ကျေး​ဇူး​သစ္စာ ကို​ပြောင်း​လဲ​ခံ​ယူ​ကာ​ငါ့​အား​လုပ်​ကြံ ကြ​ပေ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သင်​သည်​ငါ​၏​စ​ကား​ကို​အ​ကြွင်း​မဲ့ နား​ထောင်​ကာ​ငါ့​ပ​ညတ်​တော်​တို့​ကို​ကျင့်​သုံး ပြီး​လျှင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နည်း​တူ​ငါ့​အ​မိန့် တို့​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ငါ​နှစ်​သက်​မြတ်​နိုး အောင်​ပြု​လျှင်​သင်​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ငါ ရှိ​မည်။ သင့်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့် ထား​ပြီး​လျှင် ဒါ​ဝိဒ်​၏​သား​မြေး​များ​အ​တွက် ငါ​ပြု​သ​ကဲ့​သို့​သင်​၏​သား​မြေး​တို့​ကို​လည်း သင့်​နောက်​၌​ဧ​ကန်​အ​မှန်​ဆက်​လက်​နန်း​စံ စေ​မည်။-

ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​တောင် ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည်၊ ရှေ​ခင်​မြို့​ကို တံ​တိုင်း​ကာ​ပြီး​လျှင်​ကာ​လ​အ​တန်​ကြာ​မျှ နန်း​စံ​တော်​မူ​၏။ ထို့​နောက်​ထို​မြို့​မှ​ထွက်​ခွာ ၍​ပေ​နွေ​လ​မြို့​ကို​တံ​တိုင်း​ကာ​တော်​မူ​၍၊-

ဗာ​ရှာ​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး လျှင် ယု​ဒ​ပြည်​သို့​အ​ဝင်​အ​ထွက်​လမ်း​ကို​ပိတ် စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​၍​ထား​၏။-

သူ​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​ယေ​ရော ဗောင်​မင်း​ကဲ့​သို့ ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး လွန်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။ သူ​သည်​အ​ဘယ် အ​ခါ​မျှ​မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်။-

နောက်​တစ်​နေ့​နံ​နက်​စော​စော​၌ ပြည်​သူ​တို့​သည် တေ​ကော​အ​နီး​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား ကြ​၏။ ထွက်​ခွာ​စ​ပြု​သော​အ​ခါ ယော​ရှ​ဖတ် သည်​ပြည်​သူ​တို့​အား``ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လျှင်​ရပ်​တည်​နိုင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ဟော​ကြား သည်​ကို​ယုံ​ကြည်​ကြ​လျှင်​အောင်​မြင် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။

လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။

ဣ​သ​ရေ​လ​ပြည်​၏​အင်​အား​သည် ရှ​မာ​ရိ မြို့​ဖြစ်​၍​ရှ​မာ​ရိ​မြို့​၏​အင်​အား​မှာ​လည်း ပေ​ကာ​မင်း​ပင်​ဖြစ်​ပေ​သည်။'' ``အ​ကယ်​၍​သင်​တို့​သည် ခိုင်​မြဲ​စွာ​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​မ​ပြု​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ရပ်​တည်​နိုင်​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။

ဖာ​ရိ​ရှဲ​တို့​က ``ငါ​တို့​မှာ​လုံး​ဝ​အောင်​မြင်​မှု မ​ရှိ။ လော​က​တစ်​ခု​လုံး​ပင်​ထို​သူ့​နောက်​သို့ လိုက်​ပါ​သွား​ပါ​ပြီ​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။

``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ