Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 12:22

Common Language Bible

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက် ရှေ​မာ​ယ​ကို​စေ​လွှတ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်​မှ​ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ဗေ​သ​လ​မြို့​သို့ သွား​ရာ​ယဇ်​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​တွင်​ယေ​ရော ဗောင်​ရပ်​လျက်​နေ​ချိန်​၌​ရောက်​ရှိ​လာ​လေ​သည်။-

ထို​အ​ချိန်​အ​ခါ​၌​ဗေ​သ​လ​မြို့​တွင်​နေ​ထိုင် သူ​ပ​ရော​ဖက်​အို​ကြီး​တစ်​ပါး​ရှိ​၏။ သူ​၏​သား များ​သည်​ထို​နေ့​၌​ဗေ​သ​လ​မြို့​တွင်​ယု​ဒ ပ​ရော​ဖက်​ပြု​မူ​သွား​ပုံ​နှင့် မင်း​ကြီး​အား ပြော​ကြား​သော​စ​ကား​များ​ကို​ဖခင်​အား ပြန်​ပြော​ကြ​၏။-

မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။

ထို​အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား​သည်​အ​ရှင်​အား​ဖြင့်​ဗျာ​ဒိတ် ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု ကျွန်​မ​သိ​ပါ​ပြီ'' ဟု​ပြန်​ပြော​လေ​၏။

ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​သား​ကို​ချီ​ပိုက်​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အ​မျိုး​သ​မီး​က``အို အ​ရှင်၊ ကျွန်​မ​အား​လိမ် လည်​၍​မ​ပြော​ပါ​နှင့်။ အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​အ​စေ​ခံ​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။

ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။

သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။ သူ့​ကို​အ​ဝေး​မှ​လာ​နေ​သည်​ကို​ဧ​လိ​ရှဲ​မြင်​နေ သ​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား``ရှု​နင်​မြို့ သူ​လာ​နေ​ပါ​သည်​တ​ကား။-

သို့​ရာ​တွင်​ဧ​လိ​ရှဲ​ထံ​သို့​ရောက်​သော​အ​ခါ​ဦး ညွှတ်​ပျပ်​ဝပ်​ပြီး​လျှင် ဧ​လိ​ရှဲ​၏​ခြေ​ကို​ဖက်​၏။ ဂေ​ဟာ​ဇိ​သည်​အ​မျိုး​သ​မီး​အား​တွန်း​ဖယ်​မည် ပြု​သော​အ​ခါ ဧ​လိ​ရှဲ​က``သူ့​အား​ရှိ​စေ​တော့။ သူ​သည်​အ​လွန်​စိတ်​ဆင်း​ရဲ​လျက်​နေ​သည်​ကို မ​မြင်​သ​လော။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ထာ​ဝရ ဘု​ရား​သည်​ငါ့​အား​ဖော်​ပြ​တော်​မ​မူ​ခဲ့'' ဟု ဆို​၏။

မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။

ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို ကြား​သိ​သော​အ​ခါ``အ​ဘယ်​ကြောင့်​အ​ရှင်​သည် ဤ​မျှ​စိတ်​အ​နှောက်​အ​ယှက်​ဖြစ်​တော်​မူ​ရ​ပါ သ​နည်း။ ဣသ​ရေ​လ​ပြည်​တွင်​ပ​ရော​ဖက်​ရှိ ကြောင်း​သိ​စေ​ရန် သူ့​အား​ငါ့​ထံ​သို့​လွှတ် လိုက်​ပါ​လော့'' ဟု​မင်း​ကြီး​အား​မှာ​လိုက်​လေ သည်။

သို့​ရာ​တွင်​ထာဝ​ရ​ဘု​ရား​က``သင်​တို့​အား​လုံး မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ​လော့။ ဣသ​ရေ​လ အ​မျိုး​သား​အ​ချင်း​ချင်း​မ​တိုက်​ခိုက်​ကြ နှင့်။ ယ​ခု​ဖြစ်​ပွား​ခဲ့​သော​အ​မှု​သည်​ငါ​၏ အ​လို​တော်​အ​ရ​ဖြစ်​ကြောင်း​ကို ရော​ဗောင် မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား​ဆင့်​ဆို​လော့'' ဟု​ပ​ရော ဖက်​ရှေ​မာ​ယ​အား​မိန့်​တော်​မူ​၏။ ထို​သူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​နာ​ခံ​လျက်​ယေ​ရော​ဗောင်​ကို​စစ် မ​တိုက်​ဘဲ​ပြန်​ကြ​ကုန်​၏။

ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-

ဗိ​မာန်​တော်​သို့​ဖိတ်​ကြား​ပြီး​လျှင်​ပ​ရော​ဖက် ဟာ​နန်​၏​တ​ပည့်​များ​နေ​ထိုင်​ရာ​အ​ခန်း​သို့ ခေါ်​သွား​၏။ ဟာ​နန်​ကား​ဣ​ဂ​ဒါ​လိ​၏​သား ဖြစ်​သ​တည်း။ ထို​အ​ခန်း​သည်​အ​ရာ​ရှိ​များ ၏​အ​ခန်း​အ​နီး​ဗိ​မာန်​တော်​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သော​ရှလ္လုံ​၏​သား​မာ​သေ​ယ​၏ အ​ခန်း​အ​ထက်​၌​ရှိ​လေ​သည်။-

ဘု​ရား​သ​ခင်​ရွေး​ကောက်​သူ​မော​ရှေ​သည်​အ​နိစ္စ မ​ရောက်​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော်​ပြ​ပါ​အ​တိုင်း​ကောင်း​ချီး​ပေး လေ​၏။

အို ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ သင်​မူ​ကား ထို​မ​ကောင်း​မှု​အ​ပေါင်း​ကို​ရှောင်​ကြဉ်​လော့။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့ သိမ်​မွေ့​ခြင်း​စ​သည့်​ပါ​ရ​မီ​များ​နှင့် ပြည့်​ဝ​စေ​ရန်​ကြိုး​စား​အား​ထုတ်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ