Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 11:6

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​ဒု​စ​ရိုက်​ကို​ပြု လျက် ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား ထံ​လုံး​ဝ​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း​မ​ပြု​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ငါ​ပြု​ရ​မည့်​အ​ကြောင်း​မှာ​ရှော​လ​မုန်​သည် ငါ့​ကို​ပစ်​ပယ်​၍ ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ အမ္မုန်​ဘု​ရား​မိ​လ​ကုံ တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​သော​ကြောင့်​ဖြစ်​၏။ ရှော​လ​မုန်​သည်​ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် လေ​ပြီ။ သူ​သည်​မ​ကောင်း​မှု​ကို​ပြု​၍​ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့​ကို​သူ​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​နာ​ခံ​သ​ကဲ​သို့​မ​နာ​ခံ။-

ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်​နှင့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့် အမ္မုန်​ဘု​ရား​မိ​လ​ကုံ​အား​ဝတ်​ပြု ကိုး​ကွယ်​၍၊-

ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-

ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။

သင်​သည်​သင်​၏​ခမည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ရိုး​သား ဖြောင့်​မတ်​စွာ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​၍ ငါ ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လျက် ငါ​၏ အ​မိန့်​တော်​မှန်​သ​မျှ​ကို​လိုက်​နာ​လျှင်၊-

သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။

ကေ​နက်​အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက် သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့် သူ ၏​အ​ဆက်​အ​နွယ်​တို့​သည်​ဟေ​ဗြုန်​မြို့​ကို ယ​နေ့​တိုင်​အောင်​ပိုင်​ဆိုင်​ကြ​၏။-

အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​ရောက်​ခဲ့​သူ​တို့​မှာ မူ​ကား လူ​တို့​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ပြန် ကြား​အ​စီ​ရင်​ခံ​ခဲ့​ကြ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ