၃ ရာ 11:36Common Language Bibleရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။
ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
ရောဗောင်သည်ယေရုရှလင်မြို့တွင် နန်းစံကာ ရာဇတန်ခိုးတိုးတက်လာလေသည်။ နန်းတက် စဉ်အခါကသူသည်သက်တော်လေးဆယ့်တစ် နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံတော်မူ၏။ ဣသရေလနွယ်အပေါင်းတို့ နေထိုင်ရာမြို့ရွာများအနက် ထိုမြို့ကိုထာဝရ ဘုရားသည်မိမိအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ်ရွေးချယ်ထားတော်မူသတည်း။ ရောဗောင်၏မယ်တော်မှာအမ္မုန်ပြည်သူ၊ နေမ ဖြစ်၏။-