၃ ရာ 11:34Common Language Bibleသို့ရာတွင်ငါသည်သူ၏ထံမှတစ်နိုင်ငံလုံး ကိုရုပ်သိမ်းဦးမည်မဟုတ်။ ငါရွေးချယ်ခန့်ထား ၍ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုနာခံသူ၊ ငါ၏အစေခံဒါဝိဒ်၏မျက်နှာ ကိုထောက်၍ ငါသည်ရှောလမုန်အားတစ်သက် လုံးထိုနိုင်ငံကိုအုပ်စိုးစေမည်။- အခန်းကိုကြည့်ပါ။ |
ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။-