တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။-
ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။
ကျွန်တော်မတွင်သားနှစ်ယောက် ရှိပါ၏။ တစ်နေ့ သောအခါသူတို့သည်ဖျန်ဖြေပေးမည့်သူတစ် ဦးတစ်ယောက်မျှမရှိသည့်လယ်ကွင်းထဲ၌ရန် ဖြစ်ကြသဖြင့် တစ်ယောက်ကအခြားတစ် ယောက်ကိုသတ်ဖြတ်လိုက်ပါ၏။-
``သင်သည်ငါနှင့်ပြုထားသည့်ပဋိညာဉ်ကို ချိုးဖောက်လျက် ငါ၏အမိန့်တော်ကိုလွန်ဆန် သည်ဖြစ်၍ ငါသည်နိုင်ငံတော်ကိုသင့်လက်မှ မုချရုပ်သိမ်းပြီးလျှင် သင်၏မှူးမတ်တစ်ဦး အားပေးအပ်မည်။-
မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
ရှောလမုန်မင်း၏ဘေးမှလွတ်မြောက်ရန်ထွက် ပြေးသွားသူနေဗက်၏သားယေရောဗောင်သည် ထိုသတင်းကိုကြားသောအခါအီဂျစ်ပြည် မှပြန်လာလေသည်။-
ယေရောဗောင်သည်မိမိ၏မိဖုရားအား``သင် သည်မိဖုရားမှန်းမသိစေရန်ရုပ်ဖျက်၍ ငါ့ အားဣသရေလဘုရင်ဖြစ်လိမ့်မည်ဟု ဟောခဲ့သူပရောဖက်အဟိယနေထိုင် ရာရှိလောမြို့သို့သွားလော့။-
သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။-
မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။
ကြွင်းကျန်သောရှောလမုန်၏အကြောင်းကို အစမှအဆုံးတိုင်အောင်ပရောဖက်နာသန် ၏ကျမ်း၊ ရှိလောမြို့သားအဟိယ၏ပရောဖက် ကျမ်း၊ ဣသရေလဘုရင်ယေရောဗောင်၏နန်း ဆက်အကြောင်းကိုလည်းဖော်ပြပါရှိသည့် ပရောဖက်ဣဒ္ဒေါ၏ဗျာဒိတ်ရူပါရုံကျမ်းများ တွင်မှတ်တမ်းတင်ထားသတည်း။-
တစ်ပြည်လုံးကိုတိုက်ခိုက်အောင်မြင်ပြီး သည်နောက်ဣသရေလအမျိုးသားတို့သည် ရှိလောမြို့သို့စုဝေးရောက်ရှိလာပြီးလျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲ တော်ကိုတည်ဆောက်ကြ၏။-