Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 11:27

Common Language Bible

ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဖျက်​ဆီး​ရန်​ငါ​တို့​မှာ​အ​ကြံ​အ​စည်​လည်း မ​ရှိ​ပါ။ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ဗိ​ခ​ရိ ၏​သား​ရှေ​ဘ​ဆို​သူ​သည် ဒါ​ဝိဒ်​မင်း​အား ပုန်​ကန်​မှု​ကို​စ​တင်​ပြု​လုပ်​ခဲ့​ပါ​၏။ ထို​သူ တစ်​ဦး​တည်း​ကို​ငါ့​အား​ပေး​အပ်​ပါ​မူ​ငါ သည်​ဤ​မြို့​မှ​ထွက်​ခွာ​သွား​ပါ​အံ့'' ဟု ပြန်​ပြော​လေ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​၏​ဦး​ခေါင်း​ကို​မြို့​ရိုး ပေါ်​သို့​ကျော်​၍​ပစ်​ချ​လိုက်​ပါ​မည်'' ဟု​ဆို ပြီး​လျှင်၊-

(သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​တည် ဆောက်​မှု​တွင်​လည်း​ကောင်း၊ မြို့​၏​အ​ရှေ့​ပိုင်း​၌​မြေ ဖို့​လုပ်​ရာ​တွင်​လည်း​ကောင်း၊ မြို့​ရိုး​တည်​ဆောက် ရာ​တွင်​လည်း​ကောင်း ချွေး​တပ်​ကို​အ​သုံး​ပြု​တော် မူ​၏။ မင်း​ကြီး​သည်​ချွေး​တပ်​ဖြင့်​ပင်​လျှင်​ဟာ​ဇော် မြို့၊ မေ​ဂိဒ္ဒေါ​မြို့​နှင့်​ဂေ​ဇာ​မြို့​တို့​ကို​လည်း​ပြန် လည်​တည်​ဆောက်​တော်​မူ​၏။-

ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။

ယော​ရှ​မင်း​၏​မှူး​မတ်​တို့​သည်​သူ့​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​၏။ ထို​သူ​တို့​အ​နက်​ရှိ​မတ် ၏​သား​ယော​ဇ​ကာ​နှင့်​ရှော​မေ​ရ​၏​သား​ယ​ဟော ဇ​ဗပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​သိ​လ ရွာ​သွား​ရာ​လမ်း​ရှိ​ဖို့​မြေ​ပေါ်​တွင်​တည်​ဆောက် ထား​သော​စံ​နန်း​၌​သူ့​အား​လုပ်​ကြံ​ကြ​၏။ သူ့ အား​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မ​ဇိ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-

ကိုယ်​တော်​ရှင်​သည်​ပြည်​တော်​ကို​သိမ့်​သိမ့်​တုန် စေ​၍ ကွဲ​အက်​စေ​တော်​မူ​ပါ​ပြီ။ ပြည်​တော်​သည်​ပြို​ကွဲ​လျက်​ရှိ​သ​ဖြင့် ကွဲ​အက်​ရာ​များ​ကို​ပြု​ပြင်​တော်​မူ​ပါ။

သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။

မြို့​ရိုး​တို့​တွင်​ပျက်​စီး​နေ​သည်​နေ​ရာ​များ ကို​ပြင်​ဆင်​ရန်​ကြည့်​ရှု​ကြ​၏။

ရန်​သူ​များ​သည်​မိ​မိ​တို့​အား၊ ကိုယ်​တော်​ရှင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည် ကို​မ​သိ​ကြ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း သူ​တို့​အား​ပြ​တော်​မူ​ပါ​၏။

ထို​ပ​ရော​ဖက်​တို့​သည်​မြို့​ရိုး​များ​ပြို​ကျ လျက်​ရှိ​သည့်​နေ​ရာ​များ​ကို​မ​စောင့်​ကြပ်။ မြို့​ရိုး​တို့​ကို​လည်း​ပြန်​လည်​၍​မ​ပြု​ပြင်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​၌ စစ် ပွဲ​ဝင်​သော​အ​ခါ​ဣ​သ​ရေ​လ​နိုင်ငံ​ကို​ကာ ကွယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​က``ပြို​ပျက်​နေ​သော​အိုး​အိမ် ပ​မာ​ဖြစ်​နေ​သည့်​ဒါ​ဝိဒ်​နိုင်​ငံ​ကို ငါ​သည်​ပြန် လည်​၍​တည်​ဆောက်​သော​အ​ချိန်​ရောက်​လိမ့်​မည်။ ကွဲ​အက်​နေ​သော​နံ​ရံ​တံ​တိုင်း​တို့​ကို​ငါ​ပြန် ပြု​ပြင်​မည်။ ရှေး​အ​ခါ​က​တည်​နေ​သ​ကဲ့ သို့​ငါ​ပြန်​လည်​ထူ​ထောင်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ