၃ ရာ 11:1Common Language Bibleရှောလမုန်ချစ်ခင်မြတ်နိုးသည့် လူမျိုးခြား အမျိုးသမီးအမြောက်အမြားရှိ၏။ သူသည် အီဂျစ်ဘုရင်၏သမီးတော်ကိုသာမကဘဲ ဟိတ္တိအမျိုးသမီးများ၊ မောဘအမျိုးသမီး များ၊ အမ္မုန်အမျိုးသမီးများ၊ ဧဒုံအမျိုး သမီးများနှင့်ဇိဒုန်အမျိုးသမီးများကို လည်းမိဖုရားမြှောက်တော်မူလေသည်။- အခန်းကိုကြည့်ပါ။ |
ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။-