Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 10:4

Common Language Bible

ဘု​ရင်​မ​သည်​မင်း​ကြီး​ဉာဏ်​ပ​ညာ​ရှိ​ပုံ၊ မင်း​ကြီး ဆောက်​လုပ်​ထား​သည့်​နန်း​တော်၊ သူ​ကျွေး​မွေး​သည့် အ​စား​အ​စာ၊ မှူး​မတ်​များ​နေ​ထိုင်​ရန်​အ​ဆောက် အ​အုံ​များ၊ နန်း​တွင်း​အ​ရာ​ရှိ​အ​စေ​ခံ​များ​ကို စီ​မံ​ခန့်​ခွဲ​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ထား​သော​ဆင် တူ​ဝတ်​စုံ​များ၊ စား​သောက်​ပွဲ​များ​တွင်​မင်း​ကြီး အား​လုပ်​ကျွေး​ရ​သည့်​အ​စေ​အ​ပါး​များ၊ ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ထား​သည့်​ယဇ်​များ​ကို မြင်​သော​အ​ခါ​အံ့​သြ​တွေ​ဝေ​၍​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​က​လည်း​တစ်​ခု​မ​ကျန်​ဖြေ​ကြား တော်​မူ​သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​လောက် အောင်​ခက်​ခဲ​သည့်​ပုစ္ဆာ​ဟူ​၍​မ​ရှိ။-

ရှော​လ​မုန်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို ဣသ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​ကြား​ကြ​သော​အ​ခါ ဘု​ရား သခင်​သည်​မင်း​ကြီး​အား​တ​ရား​မျှ​တ​စွာ​စီ​ရင် ဆုံး​ဖြတ်​နိုင်​သော​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ ကြောင်း​သိ​ရှိ​လျက် မင်း​ကြီး​အား​လွန်​စွာ​ရို​သေ ကြ​၏။

ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။

ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။

သို့​ရာ​တွင်​အ​လွန်​ချမ်း​သာ​ကြွယ်​ဝ​သည့်​ရှော​လ​မုန် မင်း​ကြီး​ပင်​လျှင်​ထို​ပန်း​ပင်​တစ်​ပင်​ကဲ့​သို့​လှ​ပ အောင်​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

တော​နှင်း​ပန်း​ပင်​များ​ကို​ကြည့်​ရှု​ဆင်​ခြင် ကြ​လော့။ ထို​ပန်း​ပင်​တို့​သည်​ဗိုင်း​မ​ငင်၊ ယက် ကန်း​လည်း​မ​ရက်၊ သို့​ရာ​တွင်​ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး​ပင်​လျှင် ထို​ပန်း​များ ကဲ့​သို့​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား ငါ​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ