Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 10:22

Common Language Bible

မင်း​ကြီး​သည်​ဟိ​ရံ​၏​သင်္ဘော​စု​နှင့်​အ​တူ ကူး​သန်း သွား​လာ​ရန်​ပင်​လယ်​ကူး​သင်္ဘော​များ​ရှိ​လေ​သည်။ ထို​သင်္ဘော​တို့​သည်​သုံး​နှစ်​လျှင်​တစ်​ကြိမ်​ပြည်​တော် သို့​ပြန်​လာ​၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ ကို​ယူ​ဆောင်​လာ​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ယာ​ဝန်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​တို့ သည်​ကား ဧ​လိ​ရှာ၊ စ​ပိန်၊ ကု​ပ​ရု​နှင့်​ရိုဒ်​တို့ ဖြစ်​ကြ​၏။-

မင်း​ကြီး​သည်​ရွှေ​စင်​ဖြင့်​မွမ်း​မံ​ထား​သည့် ဆင် စွယ်​ရာ​ဇ​ပလ္လင်​ကြီး​ကို​လည်း​ပြု​လုပ်​တော်​မူ​၏။-

ရှော​လ​မုန်​၏​သောက်​တော်​ရေ​ဖ​လား​မှန်​သ​မျှ သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ ဆောင်​တွင်​ရှိ​သ​မျှ​သော​အ​သုံး​အ​ဆောင်​များ သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ရှော​လ​မုန် ၏​လက်​ထက်​က​ငွေ​ကို​တန်​ဖိုး​မ​ထား​သ​ဖြင့် ငွေ​အ​သုံး​အ​ဆောင်​မ​ထား​ချေ။-

ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-

ထို​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​က​မိ​မိ ၏​လူ​တို့​နှင့်​အ​တူ ယော​ရှ​ဖတ်​၏​လူ​တို့​အား သင်္ဘော​လွှင့်​ခွင့်​ပြု​မည်​ဟု စ​ကား​ကမ်း​လှမ်း​သော် လည်း​ယော​ရှ​ဖတ်​က​ထို​ကမ်း​လှမ်း​ချက်​ကို လက်​ခံ​တော်​မ​မူ။

ရှော​လ​မုန်​မင်း​သည်​ဧ​ဒုံ​ပြည်၊ ဧ​လုတ်​မြို့​အ​နီး အ​ကွာ​ဗာ​ပင်​လယ်​ကွေ့​ကမ်း​ခြေ​ပေါ်​ရှိ​ဧ​ဇ​ယုန် ဂါ​ဗာ​မြို့​တွင်​သင်္ဘော​များ​ကို​လည်း​တည်​ဆောက် လေ​သည်။-

မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။-

ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။

စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။ အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

ကိုယ်​တော်​သည်​အ​ကြီး​ဆုံး​အ​လှ​ဆုံး​သော သင်္ဘော​များ​ကို​ပင် နစ်​မြုပ်​စေ​တော်​မူ​လိမ့်​မည်။-

ဤ​ဗျာ​ဒိတ်​တော်​သည်​တု​ရု​မြို့​နှင့်​သက်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ပင်​လယ်​သို့​ရောက်​ရှိ နေ​ကြ​သူ​အ​ချင်း​သင်္ဘော​သား​တို့၊ ဝမ်း​နည်း လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သင်​တို့​၏ ဌာ​နေ​ဖြစ်​သည့်​တု​ရု​သင်္ဘော​ဆိပ်​မြို့​သည်​ပျက် ပြုန်း​သွား​လေ​ပြီ။ ယင်း​၏​အိမ်​များ​နှင့်​ဆိပ် ကမ်း​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်​နေ ၏။ ထို​သ​တင်း​ကို​သင်​တို့​သည်​ကု​ပ​ရု​ပြည် မှ​အ​ပြန်​ခ​ရီး​တွင်​ကြား​သိ​ရ​ကြ​၏။-

စ​ပိန်​ပြည်​ရှိ​ကို​လို​နီ​နိုင်​ငံ​များ​မှ​လူ​တို့၊ သင်​တို့​သည်​သွား​၍​လယ်​ယာ​များ​ကို​ထွန် ယက်​ကြ​လော့။ သင်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ တော့​ပေ။-

အ​ချင်း​ဖို​နီး​ရှား​ပြည်​သူ​တို့၊ ဝမ်း​နည်း လျက်​ညည်း​တွား​မြည်​တမ်း​ကြ​လော့။ စ​ပိန် ပြည်​သို့​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​လော့။-

ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား မိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။

ငါ​သည်​သူ​တို့​အား​ငါ​၏​ဂုဏ်​သ​တင်း​ကို မ​ကြား​ဘူး၊ ငါ​၏​ကြီး​မြတ်​သည့်​တန်​ခိုး တော်​ကို​မ​မြင်​ဘူး​သည့်​ရပ်​ဝေး​နိုင်​ငံ​များ ဖြစ်​သော တာ​ရှု​ပြည်​လိ​ဗိ​ယ​ပြည်​နှင့်​ကျွမ်း ကျင်​သူ​လေး​သည်​တော်​များ​ရှိ​ရာ​လု​ဒ ပြည်​သို့​လည်း​ကောင်း၊ တု​ဗ​လ​ပြည်​နှင့် ဂ​ရိတ်​ပြည်​သို့​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ထို​ပြည်​များ​မှ​လူ​တို့​အား ငါ​၏​ဘုန်း​တော်​အ​ကြောင်း​ကို​ပြော​ကြား ရ​လိမ့်​မည်။-

``သင်​သည်​မိ​မိ​၏​များ​မြောင်​သော​ကုန်​စည် တို့​ကို​တာ​ရှု​မြို့​တွင် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့ နှင့်​လဲ​လှယ်​ကာ​ကုန်​သွယ်​မှု​ကို​ပြု​၏။-

ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း​သင်​နှင့်​ကုန်​သွယ် မှု​ကို​ပြု​ကြ​၏။ ပင်​လယ်​ကမ်း​ခြေ​အ​မြောက် အ​မြား​မှ​လူ​တို့​သည် ဆင်​စွယ်​နှင့်​အ​နက်​ရောင် ရှိ​သော​သစ်​သား​များ​ကို​သင်​၏​ကုန်​ပစ္စည်း များ​နှင့်​လဲ​လှယ်​ကြ​၏။-

ငါ​သည်​သူ​တို့​ဇိမ်​ခံ​ရာ​နွေ​ရာ​သီ​ဂေ​ဟာ​နှင့် ဆောင်း​ရာ​သီ​အိမ်​တော်​များ​ကို​ဖျက်​ပစ်​မည်။ ဆင်​စွယ်​ဖြင့်​မွန်း​မံ​သော​အိမ်​ရာ​များ​ပြို​လဲ ကြ​၍ မ​ဟာ​ဂေ​ဟာ​မှန်​သ​မျှ​ပျက်​စီး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ