Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 10:13

Common Language Bible

ရှော​လ​မုန်​မင်း​သည်​အ​ခါ​အား​လျော်​စွာ ပေး​လေ့ ပေး​ထ​ရှိ​သည့်​လက်​ဆောင်​များ​ကို ရှေ​ဘ​ဘု​ရင်​မ အား​ရက်​ရော​စွာ​ပေး​တော်​မူ​သည့်​အ​ပြင် ဘု​ရင်​မ အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း​ပေး​တော် မူ​၏။ ထို့​နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​စန္ဒ​ကူး​သား​ကို​ဗိ​မာန်​တော်​နှင့် နန်း​တော်​တွင် လက်​ရန်း​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း​ကြီး၊ စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း​ကောင်း အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း​သော​စန္ဒ​ကူး သား​မျိုး​ကို​ဣသ​ရေ​လ​ပြည်​သို့ ယ​ခင်​အ​ဘယ် အ​ခါ​က​မျှ​မ​သွင်း​စ​ဖူး​ချေ။ ယ​နေ့​တိုင် အောင်​လည်း​မ​မြင်​ဘူး​ချေ။

နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​သည်​ရွှေ​ချိန်​နှစ်​ဆယ့် ငါး​တန်​ရ​ရှိ​၏။-

ဘု​ရင်​မ​သည်​နံ့​သာ​မျိုး၊ ကျောက်​မျက်​ရ​တ​နာ၊ ရွှေ​အ​မြောက်​အ​များ​တင်​ဆောင်​ထား​သည့် ကု​လား​အုတ်​များ​နှင့်​တ​ကွ များ​စွာ​သော အ​ခြံ​အ​ရံ​လိုက်​ပါ​လျက်​ရောက်​ရှိ​လာ​လေ သည်။ သူ​သည်​မင်း​ကြီး​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော​ပုစ္ဆာ​တို့​ကို မေး​တော်​မူ​၏။-

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-

ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​မ​ထံ​မှ​ရ​ရှိ​သည့် လက်​ဆောင်​များ​အ​တွက် မိ​မိ​ပြန်​လည်​ပေး​သည့် လက်​ဆောင်​များ​အ​ပြင်​ဘု​ရင်​မ​အ​လို​ရှိ သ​မျှ​သော​အ​ရာ​များ​ကို​ပေး​တော်​မူ​၏။ ထို နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။

အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍ အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။ သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည်​အား​ကြီး​စွ​တ​ကား။ သင် ဆန္ဒ​ရှိ​သည်​အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို အ​ချိန်​မှ​စ​၍​ထို​အ​မျိုး​သ​မီး​၏​သ​မီး​သည် ရော​ဂါ​ပျောက်​လေ​၏။

ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ