၃ ရာ 1:48Common Language Bible`ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-
သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊ ``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်း ငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟု ဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။
မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-