Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 1:45

Common Language Bible

ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။

မင်း​ကြီး​သည်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့် ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား ရှော​လ​မုန် ကို​ဘု​ရင်​၏​မြည်း​တော်​ပေါ်​တွင်​တင်​၍​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​၏။-

သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။-

ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သံ​နှင့်​ငို​ကြွေး​သံ​ကို အ​ဘယ်​သူ​မျှ​ခွဲ​ခြား​၍​မ​ရ​ကြ။ လူ​တို့​သည် ကျယ်​စွာ​အော်​ဟစ်​ကြ​သော​ကြောင့် အ​ဝေး​က​ပင် ကြား​ရ​လေ​သည်။

ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​သည်​အို​မင်း​သူ​တစ် ဦး​ဖြစ်​၍​ဝတ်​လုံ​ကို​ခြုံ​ထား​ပါ​၏'' ဟု​ဖြေ ကြား​၏။ ထို​အ​ခါ​ရှော​လု​သည်​ရှ​မွေ​လ ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် ရို​သေ​စွာ​မြေ​သို့ ဦး​ညွှတ်​လျက်​နေ​၏။

ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​သော​အ​ခါ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဝမ်း​မြောက် သ​ဖြင့် မြေ​ကြီး​ပဲ့​တင်​ထပ်​မျှ​ကျယ်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ