Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 1:37

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယွာ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား ယ​ခု​ထက်​အ​ဆ တစ်​ရာ​ပို​၍​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ စေ​သော။ အ​ရှင်​သည်​လည်း​ယင်း​သို့​တိုး​ပွား သည်​ကို​တွေ့​မြင်​ရ​သည်​တိုင်​အောင်​အ​သက် ရှည်​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​အ​ရှင် မင်း​ကြီး​သည်​အ​ဘယ်​ကြောင့်​ဤ​အ​မှု ကို​ပြု​တော်​မူ​လို​ပါ​သ​နည်း'' ဟု​ဒါ​ဝိဒ် အား​လျှောက်​လေ​၏။-

ဗေ​နာ​ယ​က``အ​မိန့်​တော်​အ​တိုင်း​ဖြစ်​စေ ပါ​မည်။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​လည်း ထို​အ​မိန့်​တော်​ကို​အ​တည် ပြု​တော်​မူ​ပါ​စေ​သော။-

မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊-

ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ​ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​အား``သင်​နှင့်​မ​ခွဲ​မ​ခွာ​ရ​မီ​ငါ့​ထံ ဆု​တစ်​ခု​ကို​တောင်း​လော့'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``အ​ရှင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ နိုင်​ရန် သား​ဦး​ရ​သင့်​ရ​ထိုက်​သော​အ​ရှင်​၏ တန်​ခိုး​ဝေ​စု ကို အ​ကျွန်ုပ်​အား​ပေး​တော်​မူ​ပါ'' ဟု​တောင်း လေ​၏။

ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။

ဒါ​ဝိဒ်​မင်း​၏​သား​တော်​ရှော​လ​မုန်​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​ဏာ​တည်​မြဲ​လာ​၏။ သူ​၏​ဘု​ရား​သည်​သူ့​ကို​ကောင်း​ချီး​ပေး​တော် မူ​သ​ဖြင့်​သူ​သည်​အ​လွန်​တန်​ခိုး​ကြီး​လာ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။

မင်း​ကြီး​သည်​ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင် တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​မှ​မြေ​ကြီး​စွန်း​တိုင်​အောင် လည်း​ကောင်း အုပ်​စိုး​လိမ့်​မည်။

ငါ​သည်​သူ့​အား​ငါ​၏​သား​ဦး​ဖြစ်​စေ​မည်။ ဘုန်း​အ​ကြီး​ဆုံး​သော​ဘု​ရင်​ဖြစ်​စေ​မည်။

ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ မည်။ ငါ​သည်​သင့်​အား​စေ​လွှတ်​ကြောင်း​သက် သေ​အ​ထောက်​အ​ထား​မှာ၊ သင်​သည်​ထို​သူ တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သည့် အ​ခါ သင်​တို့​အ​ပေါင်း​သည်​ဤ​တောင်​ပေါ် တွင်​ငါ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​၏​စီ​မံ​ကိန်း​များ​ကို​ရေး​ဆွဲ​ကြ​လော့။ သို့​ရာ​တွင်​ထို​စီ​မံ​ကိန်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​ပြော လို​သ​မျှ​သော​စ​ကား​များ​ကို​ပြော​ဆို​ကြ​လော့။ သို့​ရာ​တွင်​ယင်း​တို့​သည်​အ​ချည်း​နှီး​သာ​လျှင် ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။

ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။

အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-

မော​ရှေ​၏​စ​ကား​ကို​နား​ထောင်​သ​ကဲ့​သို့ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မော​ရှေ နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-

ယော​ရှု၊ သင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး မည်​သူ​မျှ​သင့်​အား​ခု​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ​ရှိ​တော်​မူ​သည့်​နည်း တူ​ပင် သင်​နှင့်​လည်း​အ​တူ​ရှိ​မည်။ သင့်​ကို​မည် သည့်​အ​ခါ​မျှ​စွန့်​ပစ်​ထား​မည်​မ​ဟုတ်။ သင် နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​မည်။-

သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ