ထို့နောက်ဒါဝိဒ်မင်းသည်ဇာဒုတ်၊ နာသန်နှင့် ဗေနာယတို့ကိုခေါ်စေတော်မူ၏။ သူတို့ ရောက်ရှိလာသောအခါ၊-
ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
သို့ရာတွင်အဒေါနိယသည်ကိုယ်တော်၏ အစေခံအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ဗေနာယနှင့်ရှောလမုန်တို့ကိုမခေါ် မဖိတ်ပါ။-
ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။-
သို့ရာတွင်ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ နှင့်ဒါဝိဒ်၏ကိုယ်ရံတော်တပ်သားများကမူ အဒေါနိယဘက်သို့မဝင်ကြ။