၃ ရာ 1:25Common Language Bibleယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။- အခန်းကိုကြည့်ပါ။ |
ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။
နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။-
ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။