ပရောဖက်ရောက်ရှိကြောင်းမင်းကြီးအားသံ တော်ဦးတင်ကြ၏။ နာသန်သည်လည်းအခန်း ထဲသို့ဝင်လာပြီးလျှင်ရှေ့တော်၌ဦးညွှတ် ပျပ်ဝပ်လျက်၊-
ဗာသရှေဘသည်မင်းကြီး၏ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လိုက်သောအခါမင်းကြီး က``သင်အဘယ်အရာကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
ယင်းသို့လျှောက်ထားနေချိန်၌ ပရောဖက် နာသန်ရောက်ရှိလာသဖြင့်၊-
``အရှင်မင်းကြီး၊ အဒေါနိယအားအရှင် ၏အရိုက်အရာကိုဆက်ခံစေတော်မူမည် ဟုအရှင်ကြေငြာပြီလော။-
သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။
ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။
သူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် ကျောက်ပုံ နောက်မှထွက်လာပြီးလျှင်ဒူးထောက်၍ ယော နသန်အားသုံးကြိမ်တိုင်တိုင်ပျပ်ဝပ်ဦး ညွှတ်၏။ ထိုနောက်သူတို့သည်အချင်းချင်း ဖက်နမ်းငိုကြွေးကြ၏။ ဒါဝိဒ်၏ကြေကွဲ မှုသည် ယောနသန်၏ကြေကွဲမှုထက်ပင် ပိုမိုပြင်းထန်လေသည်။-