Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ယော 1:10

Common Language Bible

သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ်၏။

လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။

ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ကာ​စ​ကား တော်​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​ငါ့​အား​သစ္စာ စောင့်​ကြ​သည်​ဖြစ်​၍​သင်​တို့​အ​မျိုး​သား အ​ချို့​တို့​သည်​သင်​တို့​ကို​မုန်း​၍​ဝိုင်း​ပယ် ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ပြောင်​လှောင် ကာ``ငါ​တို့​သည်​သင်​တို့​ရွှင်​လန်း​ဝမ်း​မြောက် သည်​ကို​မြင်​လို​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​သည့်​တန်​ခိုး​တော် ကို​ပြ​၍​ကယ်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ရှက် ကွဲ​ကြ​ရ​မည့်​သူ​များ​ဖြစ်​ပေ​သည်။-

``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-

ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။-

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-

ဒု​တိ​ယ​အ​ကြိမ်​ငါ​လာ​ရောက်​ခဲ့​စဉ်​အ​ခါ​က ``နောက် တစ်​ကြိမ်​ငါ​လာ​လျှင်​သင်​တို့​အား​ငါ​ညှာ​တာ​လိမ့် မည်​မ​ဟုတ်'' ဟု​ယ​ခင်​အ​ပြစ်​ကူး​ခဲ့​သူ​များ​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား​ငါ​ကိုယ်​တိုင်​ကြို တင်​သ​တိ​ပေး​ခဲ့​၏။ ယ​ခု​လည်း​ဤ​အ​တိုင်း ပင်​အ​ဝေး​မှ​ငါ​ထပ်​မံ​၍​သ​တိ​ပေး​လိုက်​၏။-

သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခါ​အ​ခွင့်​ရ​တိုင်း လူ​ခပ်​သိမ်း တို့​၏​အ​ကျိုး​ကို​သယ်​ပိုး​ဆောင်​ရွက်​ကြ​ကုန်​အံ့။ အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော အိမ်​ထောင်​စု​သား​တို့​၏​အ​ကျိုး​ကို​သယ်​ပိုး ဆောင်​ရွက်​ကြ​ကုန်​အံ့။

ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-

ထို​တရား​တော်​ကို​မ​သွန်​သင်​သော​သူ​သည် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ သင် တို့​အိမ်​တွင်​လက်​မ​ခံ​ကြ​နှင့်။ သူ့​အား​နှုတ် ခွန်း​ပင်​မ​ဆက်​ကြ​နှင့်။-

သင်​တို့​အား​ပြော​စ​ရာ​များ​စွာ​ရှိ​သော်​လည်း ငါ​သည်​စာ​အား​ဖြင့်​မ​ရေး​ဘဲ ငါ​တို့​၏​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် ငါ​သည် သင်​တို့​ထံ​သို့​အ​လည်​အ​ပတ်​လာ​၍ သင်​တို့ နှင့်​ကိုယ်​တိုင်​တွေ့​ဆုံ​ပြော​ဆို​ရန်​မျှော်​လင့်​၏။

သင်​သည်​သမ္မာ​တ​ရား​ကို​အ​မြဲ​လိုက်​နာ​ခဲ့ သည့်​အ​တိုင်း ယ​ခု​လည်း​သစ္စာ​နှင့်​လိုက်​နာ​ကျင့် သုံး​လျက်​ရှိ​ကြောင်း​ကို ညီ​အစ်​ကို​အ​ချို့​တို့ လာ​ရောက်​ပြော​ပြ​၍​ကြား​ရ​သ​ဖြင့်​ငါ သည်​အ​လွန်​ဝမ်း​မြောက်​၏။-

ချစ်​ဆွေ၊ သင်​သည်​မိ​မိ​မ​သိ​မ​ကျွမ်း​သူ​ညီ အစ်​ကို​များ​ကို​ပင်​လျှင် သင်​ပြု​ရ​မည့်​ဝတ်​ကို သစ္စာ​နှင့်​ဆောင်​ရွက်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ