Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ သက် 3:4

Common Language Bible

သ​ခင်​ဘု​ရား​သည်​ငါ​တို့​အား​သင်​တို့​အ​ပေါ် တွင်​ယုံ​ကြည်​စိတ်​ချ​စေ​တော်​မူ​၏။ သင်​တို့​သည် ငါ​တို့​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ ၌​ပြု​ကျင့်​လျက်​ရှိ​ကြ​သည်​နည်း​တူ နောင် အ​ခါ​၌​လည်း​ဆက်​လက်​ပြု​ကျင့်​ကြ​မည် ကို​ငါ​တို့​စိတ်​ချ​ယုံ​ကြည်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကောင်း​မြတ်​ခြင်း ပါ​ရ​မီ​နှင့်​လည်း​ကောင်း၊ အ​သိ​ပ​ညာ​အ​မျိုး မျိုး​နှင့်​လည်း​ကောင်း​ပြည့်​စုံ​လျက်​အ​ချင်း​ချင်း သွန်​သင်​နိုင်​ကြ​ကြောင်း​ကို​ငါ​စိတ်​ချ​ယုံ ကြည်​၏။-

လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား ကို​နာ​ခံ​လာ​ကြ​စေ​ရန်​ငါ​၏​အ​ပြော​အ​ဆို အ​ပြု​အ​မူ​များ​အား​ဖြင့်​လည်း​ကောင်း၊ ထူး ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​ရာ​များ​အ​ကြောင်း ကို​သာ​လျှင်​ငါ​ရဲ​ဝံ့​စွာ​ဖော်​ပြ​မည်။ သို့​ဖြစ်​၍ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ဣလု​ရိ​ပြည်​အ​ထိ ရောက်​ရှိ​သည့်​အ​ရပ်​ရပ်​၌ ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​အ​ကုန်​အ​စင်​ကြေ​ညာ ခဲ့​ပြီ။-

အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။-

မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် ပြန်​ကြား​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း၊ ဝိ​ညာဉ် ဆု​ကျေး​ဇူး​ရ​ရှိ​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း ယူ​ဆ​သော​သူ​သည် ယ​ခု​ငါ​ရေး​လိုက်​သော စ​ကား​တို့​သည်​သ​ခင်​ဘု​ရား​၏​ပညတ်​ဖြစ် ကြောင်း​သိ​မှတ်​စေ။-

အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-

အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-

ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ထို​သူ​နှစ်​ယောက်​တို့​နှင့် အ​တူ အ​ခြား​ညီ​အစ်​ကို​တစ်​ယောက်​ကို​လည်း စေ​လွှတ်​လိုက်​ကြ​သည်။ ထို​သူ​အား​ငါ​တို့​အ​ကြိမ် ကြိမ်​အ​ကဲ​ခတ်​ကြည့်​ရာ သူ​သည်​အ​စဉ်​ကူ​ညီ မ​စ​တတ်​သူ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​ပေ​သည်။ သူ သည်​သင်​တို့​အ​ပေါ်​တွင်​များ​စွာ​အ​ယုံ​အ​ကြည် ရှိ​သ​ဖြင့် သူ​၏​စိတ်​စေ​တ​နာ​သည်​ပို​၍​ပင် ထက်​သန်​နေ​ပေ​သည်။-

သို့​ရာ​တွင်​ငါ​သည်​သင်​တို့​ကို ယ​နေ့​တိုင်​အောင် ယုံ​ကြည်​စိတ်​ချ​ခြင်း​ရှိ​၏။ ငါ​နှင့်​သင်​တို့​သည် သ​ခင်​ဘု​ရား​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ သ​ဖြင့် သင်​တို့​သည်​ကွဲ​လွဲ​သော​အ​ယူ​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ယုံ​ကြည် စိတ်​ချ​၏။ သို့​ရာ​တွင်​သင်​တို့​အား​နှောင့်​ယှက် သူ​မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​မည်။

သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။-

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။

အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-

ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။

ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-

သင်​သည်​ငါ​မေတ္တာ​ရပ်​ခံ​သည့်​အ​တိုင်း​ပြု​လုပ် လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​လျက် ဤ​စာ​ကို​ရေး လိုက်​၏။ အ​မှန်​စင်​စစ်​ထို​ထက်​ပင်​ပို​၍​ပြု​လုပ် လိမ့်​မည်​ကို​ငါ​သိ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ